ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်၌ အပျက်အစီးများရှေ့တွင် နှစ်သိမ့်ပွေ့ဖက်နေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်၌ အပျက်အစီးများရှေ့တွင် နှစ်သိမ့်ပွေ့ဖက်နေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

“ပျက်စီးမှုပြင်းထန်ခဲ့သော ငလျင်” ကြောင့် လူထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် ဇူလိုင် ၁ ရက် ညနေ ၆ နာရီမှစ၍ နိုင်ငံတစ်ဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ၇ ရက် စတင်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Delcy Rodriguez က လူမှုမီဒီယာတွင် အထက်ပါဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံသည် “ပျက်စီးမှုပြင်းထန်ခဲ့သော ငလျင်” ကြောင့် လူထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ရခြင်းအပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကပ်ဘေးအတွင်းသေဆုံးသူများအပေါ် စာနာနှစ်သိမ့်ကြောင်း ၎င်းက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က အဆိုပါနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် နှစ်ကြိမ် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂,၂၉၅ ဦးရှိကြောင်း ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအစိုးရအနေဖြင့် အရေးပေါ်တုံ့ပြန်စီမံရေးလုပ်ငန်းများ စီမံခန့်ခွဲဆောင်ရွက်နေပြီး ငလျင်ဒဏ်သင့်ဒေသတွင် ရှာဖွေကယ်ဆယ်ရေး၊ ငလျင်ဒဏ်သင့်ပြည်သူများ ကုသကယ်ဆယ်ရေးနှင့် အခြေခံပစ္စည်းများ ပံ့ပိုးပေးမှု စသည်တို့ကို အဓိကထားဆောင်ရွက်နေကြောင်း ဗင်နီဇွဲလားနိုင်ငံ မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဒေသစံတော်ချိန် ဇွန် ၂၄ ရက်တွင် ဗင်နီဇွဲလားနိုင်ငံက တစ်မိနစ်ပင်မပြည့်သည့်အချိန်အတွင်း ပြင်းအား ၇ အဆင့်အထက်ရှိသော အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းဒေသသည် ပြင်းပြင်းထန်ထန် ငလျင်ဒဏ်သင့်သောဒေသများဖြစ်ခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉为地震遇难者举行7天全国哀悼

新华社加拉加斯7月1日电(记者田睿 廖思维)委内瑞拉代总统德尔西·罗德里格斯1日宣布,因“毁灭性地震”造成人员伤亡,自当天18时起进入为期7天的全国哀悼期。  

德尔西·罗德里格斯在社交媒体发文宣布上述决定。她说,委内瑞拉“因毁灭性地震造成的人员伤亡而深感悲痛”,政府向所有遭受这场灾难的人表示慰问。  

委内瑞拉全国代表大会主席豪尔赫·罗德里格斯1日表示,该国日前发生的两次强震已造成2295人死亡。  

据委媒报道,委政府正统筹开展应急处置工作,重点推进灾区搜救、灾民救治和基本物资供应等。  

当地时间6月24日,委内瑞拉在不到一分钟内接连发生两次7级以上强震,委中部沿海地区是地震重灾区。(完)

图说:6月25日,在委内瑞拉拉瓜伊拉州,人们在废墟前相拥。新华社发(马科斯·萨尔加多摄)