တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ပြည်သူ့တပ်မတော်အား ပါတီ၏ အလုံးစုံဦးဆောင်မှုကို လက်ကိုင်ထားရန်အတွက် ဇူလိုင် ၁ ရက်၌ အလေးထားပြောဆိုခဲ့ကြောင်း သိရသည်။

CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၇ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရာပြည့်အထိမ်းအမှတ် ဦးတည်ချက်ပန်းတိုင်များ ပြည့်မြောက်အောင်မြင်ရေးနှင့် ပြည်သူ့တပ်မတော်အား ကမ္ဘာ့ထိပ်တန်းအဆင့် တပ်မတော်အဖြစ် အလျင်အမြန် အဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်ထိန်းသိမ်းရာတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အကျိုးဆောင်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန်လည်း ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်သို့ ဂုဏ်ပြုတပ်ဖွဲ့က ဇူလိုင် ၁ ရက် ဆုတံဆိပ် သယ်ဆောင်လာပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်သို့ ဂုဏ်ပြုတပ်ဖွဲ့က ဇူလိုင် ၁ ရက် ဆုတံဆိပ် သယ်ဆောင်လာပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..............................................................

(English Version)

Xi stresses absolute Party leadership over people's armed forces

BEIJING, July 1 (Xinhua) -- Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Wednesday stressed upholding the absolute Party leadership over the people's armed forces.

Xi, also Chinese president and chairman of the Central Military Commission, made the remarks at a gathering in celebration of the 105th founding anniversary of the CPC.

He urged efforts to achieve the goals for the centenary of the People's Liberation Army in 2027 and elevate the people's armed forces to world-class standards at a faster pace.

Xi also called for efforts to resolutely safeguard China's sovereignty, security and development interests, and make greater contributions to safeguarding world peace and development.  

English Caption 1

Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, addresses a gathering marking the CPC's 105th founding anniversary at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Yao Dawei)

English Caption 2

Honor guards escort the July 1 Medal into the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Ding Lin)