
ဟာဗားနား၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ကျူးဘား ကွန်မြူနစ်ပါတီနှင့် ကျူးဘားနိုင်ငံအစိုးရတို့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက်နှင့် တရုတ်တပ်နီ ခရီးဝေးနှင်မှု အောင်နိုင်ခြင်း နှစ် ၉၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဇွန် ၂၉ ရက်တွင် ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားရှိ တော်လှန်ရေးနန်းတော်တွင် စုဝေးပွဲ ခမ်းနားစွာကျင်းပခဲ့သည်။
အဆိုပါ စုဝေးပွဲသို့ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် (၁) ၊ ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel စသည့် ကျူးဘား နိုင်ငံရေးပါတီနှင့် အစိုးရ အကြီးအကဲများ၊ ကျူးဘားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွာရှင်း၊ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းနှင့် တရုတ်နွယ်ဖွားများ၊ ပညာတော်သင် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ၊ ကျူးဘားနိုင်ငံအခြေစိုက် နိုင်ငံတကာသံတမန်နှင့် နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ အပါအဝင် လူ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Lozada García က အမှာစကားပြောကြားရာ၌ တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ ကြီးမြတ်သော အောင်မြင်မှုရရှိခြင်းကို များစွာ တန်ဖိုးထား ချီးကျူးခဲ့ပြီး ယင်းသည် ဆိုရှယ်လစ်စနစ်၏ ကြီးမားသော အားသာချက်ကို ထင်ဟပ်စေကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲ၍ ပခုံးချင်းယှဉ်ကာ ဆိုရှယ်လစ်လုပ်ငန်း သာယာဝပြောတိုးတက်မှုကို အတူတကွ တွန်းအားပေးဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Lozada García က ဆင်ဟွာသတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ကျူးဘားကွန်မြူနစ်ပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီသည် နှစ်နိုင်ငံ၏ အာဏာရပါတီများဖြစ်သည့် အားလျော်စွာ သီအိုရီဆိုင်ရာ သုတေသနပြု ဆွေးနွေးခြင်းနှင့် လက်တွေ့ဖော်ဆောင်မှု အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီနှစ်ရပ်ဆက်ဆံရေးသည် အဆင့်သစ်သို့ အဆက်မပြတ် တက်ရောက်ခဲ့ရာ အနာဂတ်တွင် ပါတီအကြားဖလှယ်မှုကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟွာရှင်းက အမှာစကားပြောကြားမှုအတွင်း ကျူးဘားနိုင်ငံ၏ အထူးဖြစ်၍ ချစ်ကြည်ရင်းနှီးသော စီစဉ်မှုကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တရုတ်နှင့် ကျူးဘား ပါတီနှစ်ရပ်ဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီသည် ကျူးဘားကွန်မြူနစ်ပါတီနှင့်အတူ အစဉ်အမြဲရပ်တည်နေကာ ဆိုးတူကောင်းဖက် အပြန်အလှန်ဖေးမကူညီနေကြောင်း၊ ကျူးဘားနိုင်ငံ၏ နိုင်ငံအချုပ်အခြာအာဏာ ကာကွယ်ခြင်း၊ ပြည်ပဝင်ရောက်စွက်မှုအား ကန့်ကွက်ခြင်း ဟူသည့် တရားမျှတရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
古巴举办活动庆祝中国共产党成立105周年
新华社哈瓦那6月29日电(记者蒋彪 陈昊佺)古巴共产党与古巴政府29日在首都哈瓦那革命宫隆重集会,庆祝中国共产党成立105周年、纪念红军长征胜利90周年。
古巴共产党中央第一书记、国家主席迪亚斯-卡内尔等古巴党政领导人,中国驻古巴大使华昕,中资企业和华侨华人及留学生代表,多国驻古使节及各界友好人士约200人出席。
古共中央国际关系部部长洛萨达在致辞中高度评价中国共产党团结带领中国人民取得伟大成就,彰显社会主义制度巨大优势。古方愿同中方携手并肩,共同推动社会主义事业繁荣发展。
洛萨达随后在接受新华社记者采访时表示,古巴共产党与中国共产党作为两国执政党,定期开展理论研讨和实践经验交流,两党关系不断迈上新台阶,未来将继续深化党际交流。
华昕在致辞中感谢古方特殊友好安排,表示中古两党关系是两国关系基石,中国共产党始终坚定同古巴共产党站在一起,患难与共、守望相助,支持古巴捍卫国家主权、反对外部干涉的正义事业。(完)








