
ကိဗ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂသည် ယူကရိန်း အမျိုးသားဘတ်ဂျက် အထူးရန်ပုံငွေထံသို့ ယူရို ၃.၉ ဘီလီယံ ပေးချေပြီးဖြစ်ကြောင်း ယူကရိန်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၃၀ ရက်တွင် တရားဝင်ဝက်ဘ်ဆိုက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ယူကရိန်း ဘဏ္ဍာရေးဝန်ကြီး Sergii Marchenko က အဆိုပါ ယူရို ၃.၅ ဘီလီယံ အရင်းအနှီးငွေကို ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေး ဦးစားပေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းတွင် ဒရုန်းထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် ရှေ့တန်း၌ အရေးပေါ်လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပံ့ပိုးရန် အာမခံပေးခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂသည် ယခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ ယူကရိန်းထံသို့ စုစုပေါင်း ယူရို ၄၅ ဘီလီယံရှိသည့် ချေးငွေ ပံ့ပိုးပေးမည်ဖြစ်ရာ ၎င်းအနက် ယူရို ၂၈.၃ ဘီလီယံကို ကာကွယ်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ဥရောပသမဂ္ဂသည် ဧပြီလတွင် ယူကရိန်းထံသို့ ချေးငွေ ယူရို ၉၀ ဘီလီယံ ပံ့ပိုးပေးရန် တရားဝင်ခွင့်ပြုခဲ့ရာ ယူကရိန်းအတွက် ၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေးနှင့် စစ်ရေးပံ့ပိုးမှုများ ပေးအပ်သွားမည်ဖြစ်သည်။ (Xinhua)
----------------------------------------------------------------------------------
(Chinese Version)
乌克兰获欧盟39亿欧元贷款用于国防
新华社基辅6月30日电(记者李东旭)乌克兰财政部6月30日在官网发布消息称,欧盟已向乌国家预算专项基金拨付39亿欧元。
乌财政部长马尔琴科称,这39亿欧元资金将用于满足乌国防优先需求,包括加强无人机生产和确保前线紧急物资供应。
据乌财政部消息,欧盟将在今年年底前向乌克兰提供共计450亿欧元的贷款,其中283亿欧元将用于国防。
欧盟于4月正式批准向乌克兰提供900亿欧元贷款,为乌提供2026年至2027年的财政与军事支持。(完)
图说:这是6月2日清晨在乌克兰首都基辅市拍摄的浓烟。新华社记者 李东旭 摄








