ကရာကက်စ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံရှိ မြို့ကြီးများဖြစ်သော ကရာကက်စ်နှင့် လာဂွိုင်ရာတို့အနီးတွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက ပြင်းအား ၄.၂ အဆင့်ရှိ ငလျင်အသစ်တစ်ကြိမ် လှုပ်ခတ်ခဲ့ရာ ဒေသခံများအကြား ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံများအား စွန့်ခွာ၍ ဟင်းလင်းပြင်နေရာများသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါငလျင်သည် ဇွန် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၂ နှင့် ၇.၅ အဆင့်ရှိ ငလျင်များကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် လာဂွိုင်ရာပြည်နယ်မှ ကီလိုမီတာ ၁၀ အကွာ ကာရေဘီယံပင်လယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ဗင်နီဇွဲလားမြေငလျင်သုတေသနဖောင်ဒေးရှင်းမှ ထုတ်ပြန်ချက်အရ သိရသည်။

"နိုင်ငံပိုင်နယ်နိမိတ်ထဲက ဘယ်နေရာမှ နောက်ထပ်ထိခိုက်ပျက်စီးမှု သတင်းဖော်ပြချက်တွေ မရှိပါဘူး" ဟု ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇွန် ၂၉ ရက်၌ ဖြစ်ပွားသည့် အဆိုပါနောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပြီးနောက် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်၌ လှုပ်ခတ်ခဲ့သည့် ငလျင်နှစ်ခုကြောင့် သေဆုံးသူဦးရေသည် ၁,၇၁၉ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူဦးရေမှာ ၅,၀၀၀ ကျော်လာပြီဖြစ်ကြောင်းလည်း အဆိုပါ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဇွန် ၂၉ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

.................

(English Version)

New 4.2-magnitude quake causes alarm in Venezuelan cities

CARACAS, June 29 (Xinhua) -- A new 4.2-magnitude earthquake hit near the Venezuelan cities of Caracas and La Guaira on Monday morning, causing alarm among local residents who were seen leaving buildings for open spaces.

According to a report by the official Venezuelan Foundation for Seismological Research, the tremor's epicenter in the Caribbean Sea was just 10 km off La Guaira state, the region worst hit in the 7.2- and 7.5-magnitude earthquakes that occurred Wednesday.

"We have no reports of additional damage anywhere in the national territory," Jorge Rodriguez, president of the National Assembly, said after Monday's aftershock.

The death toll from the two earthquakes that struck Venezuela on Wednesday has risen to 1,719, with more than 5,000 people injured, the parliament speaker said Monday. ■