
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၂ အဆင့်နှင့် ပြင်းအား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှုပစ္စည်း ပျက်စီးမှုဖြစ်ခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ၎င်းအသင်းထံသို့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ကန်ဒေါ်လာ ၃၀၀,၀၀၀ တန်ဖိုးရှိ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေသားအကူအညီ ပေးအပ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဇွန် ၃၀ ရက်တွင် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းချုပ်ထံမှ သိရသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
中国红会向委内瑞拉红会提供紧急人道主义现汇援助
新华社北京6月30日电(记者董博婷)近日,委内瑞拉接连发生7.2级和7.5级两次强烈地震,造成重大人员伤亡和财产损失。记者30日从中国红十字会总会获悉,中国红十字会决定向委内瑞拉红十字会提供30万美元紧急人道主义现汇援助,用于支持其开展救灾与灾后重建工作。(完)
图说1:6月28日,在委内瑞拉拉瓜伊拉,武装部队成员调配人道主义援助物资。新华社发








