ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ ငလျင်ကပ်ဘေးအန္တရာယ်အခြေအနေကို များစွာသတိပြုမိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇွန် ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez ထံသို့ စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် ထိုမတိုင်မီ ဗင်နီဇွဲလားထံ လက်ငင်းငွေသားအကူအညီ ပံ့ပိုးပေးထားသည့် အခြေခံ၌ ငလျင်ကယ်ဆယ်ရေးနှင့် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယွမ် သန်း ၁၀၀ တန်ဖိုးရှိ အရေးပေါ် ထောက်ပံ့ရေးလှူဒါန်းပစ္စည်းများ ထပ်တိုးပေးရန် ဆုံးဖြတ်လိုက်ပြီး အဆိုပါပစ္စည်းများကို ဗင်နီဇွဲလားနိုင်ငံသို့ အမြန်ဆုံးရောက်ရှိအောင် ပို့ဆောင်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံထံသို့ ငလျင်ဒဏ်သင့်ဒေသ၏ ဂြိုဟ်တုပုံများ ပံ့ပိုးပေးကာ ဗင်နီဇွဲလားနိုင်ငံ၏ ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် ကူညီပေးခဲ့ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံသောကုမ္ပဏီနှင့် တရုတ်နွယ်ဖွား အစုအဖွဲ့များကလည်း ဗင်နီဇွဲလားထံသို့ ကယ်ဆယ်ရေးလုပ်ငန်းတွင် အရေးပေါ်လိုအပ်သော စက်ပစ္စည်းနှင့် ကုသရေးပစ္စည်းများ ပံ့ပိုးပေးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ ငလျင်ဘေးသင့်မှုအခြေအနေအရ ဗင်နီဇွဲလားနိုင်ငံထံသို့ ပိုမိုများပြားသော ပံ့ပိုးကူညီမှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

.........................

(Chinese Version)

中国决定向委方追加1亿元人民币紧急无偿物资援助

新华社北京6月29日电(记者邵艺博、董雪)中国外交部发言人郭嘉昆29日在例行记者会上答问时表示,中方十分关注委内瑞拉地震灾情。习近平主席已向委内瑞拉代总统罗德里格斯致慰问电。中国政府已决定在此前向委方提供现汇援助的基础上,向委方追加1亿元人民币紧急无偿物资援助,用于地震救灾和灾后重建,并将尽快运抵委内瑞拉。中方还向委方提供了地震灾区卫星图像,为委方抗震救灾提供支持。在委内瑞拉的中资企业和华侨社团纷纷自发向委方提供救援工作急需的工程机械和医疗物资,并组建救援队积极参与搜救工作。中方愿根据委内瑞拉灾情发展,继续向委方提供更多支持。(完)