ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နှင့် နော်ဝေနိုင်ငံတို့သို့ ဇူလိုင် ၂ ရက်မှ ၈ ရက်အထိ ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၃၀ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lars Lokke Rasmussen ၊ ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maria Malmer Stenergard ၊ ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Elina Valtonen နှင့် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide တို့၏ ဖိတ်ကြားချက်အရ အဆိုပါခရီးစဉ်ကို သွားရောက်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
..................
(English Version)
Chinese FM to visit Denmark, Sweden, Finland, Norway
BEIJING, June 30 (Xinhua) -- Chinese Foreign Minister Wang Yi will visit Denmark, Sweden, Finland and Norway from July 2 to 8, a foreign ministry spokesperson announced on Tuesday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, will pay the visit at the invitation of Denmark's Minister for Foreign Affairs Lars Lokke Rasmussen, Sweden's Minister for Foreign Affairs Maria Malmer Stenergard, Finland's Minister for Foreign Affairs Elina Valtonen, and Norway's Minister of Foreign Affairs Espen Barth Eide, the spokesperson said. ■
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Minister for Foreign Affairs of Denmark Lars Lokke Rasmussen in Beijing, capital of China, May 19, 2025. (Xinhua/Li Xiang)








