
ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကုန်သွယ်မှုပမာဏ စုစုပေါင်းအနေဖြင့် ၂၀၂၆ ခုနှစ် ပထမငါးလတာအတွင်း ကီလိုဝပ်နာရီ ၃ ထရီလီယံ ကျော်လွန်သွားခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၂၄.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာနက ဇွန် ၂၉ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါကာလအတွင်း ပြည်နယ်အဆင့်နယ်စပ်ဒေသများအတွင်း လျှပ်စစ်ဓာတ်အားကုန်သွယ်မှုပမာဏမှာ ယခင်နှစ် ကာလတူကထက် ၂၈.၅ ရာခိုင်နှုန်း မြင့်တက်လာကာ ပြည်နယ်အချင်းချင်းနှင့် ဒေသအချင်းချင်း လျှပ်စစ်ဓာတ်အားအရောင်းအဝယ်များမှာ ၁၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အချက်အလက်များက ဖော်ပြထားသည်။
အစိမ်းရောင်လျှပ်စစ်ဓာတ်အားကုန်သွယ်မှုပမာဏအနေဖြင့် ဇန်နဝါရီလမှ မေလအထိ ကာလအတွင်း ကီလိုဝပ်နာရီ ၁၃၆.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အချက်အလက်များအရ သိရသည်။
မေလတစ်လတည်း၌ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားကုန်သွယ်မှုစုစုပေါင်းမှာ ကီလိုဝပ်နာရီ ၆၂၆.၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၂၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)
.......................................................................
(English Version)
China's electricity trading volume up 24.8 percent in first five months
BEIJING, June 29 (Xinhua) -- China's total electricity trading volume surpassed 3 trillion kWh in the first five months of 2026, up 24.8 percent year on year, the National Energy Administration said Monday.
During the period, electricity trading volume within provincial borders rose 28.5 percent from a year earlier, while inter-provincial and inter-regional power transactions increased 12.2 percent, the data showed.
Green electricity trading volume reached 136.4 billion kWh in the January-May period, up 3.9 percent year on year, according to the data.
In May alone, electricity trading nationwide totaled 626.8 billion kWh, up 23.6 percent year on year. ■
English Caption
An aerial drone photo taken on April 29, 2026 shows sheep grazing among photovoltaic panels at a 3.2-million-kilowatt solar power base in Nilka County, northwest China's Xinjiang Uygur Autonomous Region. (Xinhua/Hu Huhu)








