တရုတ်နိုင်ငံ ဟူပေပြည်နယ် စီယန့်မြို့ ယွန်းယန်ခရိုင် အလှရှုခင်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် စီယန့်မြို့ ယွန်းယန်ခရိုင် အလှရှုခင်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ရှီးအန်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးအန်း-စီယန့် မြန်နှုန်းမြင့် ရထားလမ်းကို ဇွန် ၃၀ ရက်တွင် စတင်ဖွင့်လှစ် ပြေးဆွဲမည်ဖြစ်ပြီး ရှီးအန်း အရှေ့ဘက်ဘူတာကိုလည်း တစ်ပြိုင်နက်တည်း တည်ဆောက်ပြီးစီး၍ အသုံးပြုနိုင်မည် ဖြစ်သည်။ ရှီးအန်း-ဝူဟန့် မြန်နှုန်းမြင့် ရထားလမ်း လိုင်းအားလုံး ချိတ်ဆက်မိသွားပြီဖြစ်ရာ ဝူဟန့်နှင့် ရှီးအန်း နှစ်မြို့အကြား ၂ နာရီနှင့် ၄၁ မိနစ်ကြာချိန်ဖြင့် အမြန်ဆုံးရောက်ရှိမည်ဖြစ်သည်။

ရှီးအန်း-စီယန့် မြန်နှုန်းမြင့် ရထားလမ်းသည် မြစ်ဝါမြစ်နှင့် ယန်ဇီမြစ်ဟူသော အဓိကမြစ်ဝှမ်းနှစ်ခုကို ဖြတ်သန်းထားပြီး ချင်လျင်တောင်တန်းနှင့် ဟန့်ကျန်းမြစ် စသည့် တောင်တန်းရေမြေတို့နှင့် ချိတ်ဆက်ပေးထားသည်။ ရထားလမ်းတစ်လျှောက်ရှိ ဆန်ရှီးပြည်နယ် ရှီးအန်း၊ ဆန်းလော့မြို့၊ ဟူပေပြည်နယ် စီယန့်မြို့ စသည့် မြို့ ၃ မြို့၏ သဘာဝနှင့် လူမှုယဉ်ကျေးမှု အလှရှုခင်းများသည် အရောင်အသွေး စုံလင်လှပြီး ရှီးအန်း-စီယန့် အမြန်နှုန်းမြင့် ရထားလမ်း ဖွင့်လှစ်လိုက်ခြင်းဖြင့် ခရီးသွားဧည့်သည်များ သွားလာရေးကို ပိုမိုအဆင်ပြေ ချောမွေ့စေမည် ဖြစ်သည်။

ရှီးအန်း-စီယန့် အမြန်နှုန်းမြင့် ရထားလမ်း စုစုပေါင်းအရှည်မှာ ၂၅၇ ကီလိုမီတာခန့်ရှိပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ပြေးဆွဲရန် ဒီဇိုင်းရေးဆွဲထားကာ ရထားလမ်းတစ်လျှောက်တွင် ရှီးအန်းအရှေ့ဘက်၊ လန်ထျန်၊ ဆန်းလော့အနောက်ဘက်၊ ဆန်းယန်၊ မန့်ချွမ်းကွမ်း၊ ယွန်းရှီးနှင့် စီယန့်အရှေ့ဘက်ဟူ၍ ဘူတာရုံ စုစုပေါင်း ၇ ခု ရှိသည်။ (Xinhua)

....................

(Chinese Version)

飞瞰西十高铁:一日看尽秦楚美

新华社照片,西安,2026年6月29日

西安至十堰高速铁路将于6月30日开通运营,西安东站同步建成投用,西安至武汉高速铁路通道全线贯通,武汉、西安两地间最快2小时41分钟可达。

西十高铁横跨黄河、长江两大流域,连接秦岭、汉江等山水地貌。沿线陕西西安、商洛与湖北十堰3市的自然人文风光壮丽多彩,西十高铁的开通,将使旅客出行更加便捷。

西十高铁线路全长约257公里,设计时速350公里,全线共设西安东、蓝田、商洛西、山阳、漫川关、郧西、十堰东7站。

图说1:湖北省十堰市郧阳区风景(6月28日摄,无人机照片)。 新华社记者 伍志尊 摄

图说2:这是西十高铁天竺山一号隧道(6月28日摄,无人机照片)。新华社记者 邵瑞 摄

图说3:6月28日,列车驶过西十高铁神定河大桥(无人机照片)。新华社记者 邵瑞 摄