
ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ပဲ့ထိန်းဒုံး ဖျက်သင်္ဘော နန်နင်း ၊ ပဲ့ထိန်းဒုံးလက်နက်တပ်ဆင်ထားသော ဖရီးဂိတ်စစ်သင်္ဘော ဟိန်ယန် တို့ ပါဝင်သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ် ရေယာဉ်စုက အများပြည်သူလေ့လာရေးပြပွဲများနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံရေးအစီအစဉ်များစွာအတွက် ဟောင်ကောင်သို့ ဇူလိုင် ၂ ရက်မှ ၆ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၉ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်များအနေဖြင့် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများအား ခေတ်သစ် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးနှင့် စစ်ရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ပိုမိုတိုက်ရိုက်ကျ၍ လေးလေးနက်နက် နားလည်သဘောပေါက်စေရန် ရည်ရွယ်ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
.................
(English Version)
PLA Navy fleet to visit Hong Kong for open-house events, cultural exchanges
BEIJING, June 29 (Xinhua) -- A Chinese People's Liberation Army (PLA) Navy fleet, with the guided-missile destroyer Nanning and the guided-missile frigate Hengyang, will visit Hong Kong from July 2 to 6 for a series of open-house events and cultural exchange activities, the Ministry of National Defense said on Monday.
The activities are intended to give the people of the Hong Kong and Macao special administrative regions a more direct and in-depth understanding of the progress in China's national defense and military development in the new era, the ministry said. ■
English Caption
People visit Chinese People's Liberation Army (PLA) Navy ship Fuyang during an open-ship event in east China's Shanghai, April 21, 2026. (Xinhua/Fang Zhe)








