
ကွာလာလမ်ပူ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံသည် သက်ကြီးရွယ်အိုကဏ္ဍ စီးပွားရေးဖော်ဆောင်ခြင်းမှတစ်ဆင့် သက်ကြီးရွယ်အိုများ၏ လူနေမှုဘဝအရည်အသွေးမြှင့်တင်ခြင်းနှင့် နည်းပညာဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုကို အားဖြည့်ခြင်း စသည့် အစီအမံများကို တွန်းအားပေးဖော်ဆောင်ခဲ့ရာ မလေးရှားနိုင်ငံက သက်ကြီးရွယ်အို လူဦးရေများပြားလာမှုကို ကိုင်တွယ်စီမံရန်အတွက် အကျိုးရှိသော မှီငြမ်းစရာများ ပံ့ပိုးပေးလိုက်ကြောင်း၊ နှစ်ဖက်က စမတ်နည်းပညာဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်း၊ ဆေးကုသရေး နည်းပညာ၊ တစ်သက်တာပညာသင်ကြားမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြန့်သဖြင့် မလေးရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြင့် ပြည်သူလူနေမှုဘဝကို ပိုမိုများပြားစွာ အကျိုးပြုနိုင်ရန် မျှော်လင့်ကြောင်း မလေးရှား The Star သတင်းစာ ဝက်ဘ်ဆိုက်က မကြာသေးမီက ဖော်ပြသော ဆောင်းပါးတွင် ထောက်ပြခဲ့သည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၏ အသက် ၆၀ နှစ်နှင့်အထက် လူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၁၁.၆ ရာခိုင်နှုန်း ရှိပြီး ၂၀၃၀ ပြည့်နှစ်ခန့်တွင် မလေးရှားသည် သက်ကြီးရွယ်အိုများပြားသော နိုင်ငံစာရင်းတွင် ပါဝင်လာမည်ဟု ခန့်မှန်းရကြောင်း၊ တရုတ်နိုင်ငံကမူ သက်ကြီးရွယ်အိုကဏ္ဍ စီးပွားရေးကို အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိပြီး သက်ကြီးရွယ်အိုများ၏ လူနေမှုဘဝအရည်အသွေးမြှင့်တင်ခြင်းကို တွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုကဏ္ဍ စီးပွားရေးသည် ကျန်းမာရေး စီမံခန့်ခွဲမှု၊ ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှု၊ သက်ကြီးရွယ်အိုပညာရေး၊ သက်ကြီးရွယ်အို ခရီးသွားလာမှု၊ ဘဏ္ဍာရေးပိုင်ဆိုင်မှုအား စီမံခန့်ခွဲမှု၊ သက်ကြီးရွယ်အိုများအတွက် သင့်လျော်သောထုတ်ကုန်၊ လူမှုအသိုက်အဝန်း ဝန်ဆောင်မှုနှင့် စမတ်နည်းပညာ စသည်တို့ကို လွှမ်းခြုံထားသော အထွေထွေစနစ်အဖြစ် တိုးတက်လာပြီဖြစ်ကြောင်း၊ အနာဂတ်တွင် သက်ကြီးရွယ်အိုစီးပွားရေး စသည့် သက်ဆိုင်ရာလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် တိုးတက်မှုအမြန်ဆုံး လုပ်ငန်းများအနက် တစ်ခုဖြစ်လာနိုင်ကြောင်း ဆောင်းပါးက ထောက်ပြထားသည်။
တရုတ်နိုင်ငံသည် ဉာဏ်ရည်တု (AI)၊ စက်ရုပ်၊ ဒစ်ဂျစ်တယ်ဆေးကုသရေး ပလက်ဖောင်းနှင့် IoT နည်းပညာ တို့ကို အသုံးပြုခြင်းဖြင့် ဉာဏ်ရည်ထည့်သွင်းခြင်းဖြင့် သက်ကြီးရွယ်အိုများပြားမှုကို ဖြေရှင်းသည့်နည်းလမ်း ဖော်ထုတ်ခြင်းအပိုင်းတွင် သိသာထင်ရှားသော ရလဒ်များ ရရှိခဲ့ကြောင်း၊ စမတ်စောင့်ကြည့်ရေးစက်ပစ္စည်း၊ အဝေးရောက် ဆေးကုသရေးဝန်ဆောင်မှုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နည်းပညာများကို သက်ကြီးရွယ်အိုများ၏ လူနေမှုဘဝအရည်အသွေးအား မြှင့်တင်ရာတွင် တစ်နေ့တခြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး သက်ကြီးရွယ်အိုများ တစ်ကိုယ်တည်းနေထိုင်မှုကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ အဆိုပါ ဆန်းသစ်တီထွင်မှုနည်းလမ်းများသည် သက်ကြီးရွယ်အိုများက ပိုမိုကျန်းမာသောကိုယ်ခန္ဓာ၊ ပိုမိုနီးကပ်သော လူမှုအသိုက်အဝန်း ဆက်သွယ်မှုနှင့် ပိုမိုအပြုသဘောဆောင်သော စီးပွားရေးလှုပ်ရှားမှုကို ထိန်းသိမ်းရန် အထောက်အကူပြုကြောင်း ဆောင်းပါးက ဖော်ပြထားသည်။
တရုတ်နိုင်ငံက သက်ကြီးရွယ်အိုကဏ္ဍ စီးပွားရေး ဖော်ဆောင်ခြင်းနှင့် သက်ကြီးရွယ်အိုများ၏ လူနေမှုဘဝ အရည်အသွေးမြှင့်တင်မှုကို တွန်းအားပေးခြင်း အတွေ့အကြုံများကို မှီငြမ်းခြင်းမှတစ်ဆင့် မလေးရှားနိုင်ငံသည် အနာဂတ်တွင် လူဦးရေဖွဲ့စည်းပုံပြောင်းလဲမှုအား ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်မည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အုပ်စုအဖွဲ့အသီးသီးကို အကျိုးပြုနိုင်ခြင်းအား တစ်ချိန်တည်းတွင် အာမခံပေးနိုင်လိမ့်မည်ဟု ဆောင်းပါးက ယူဆထားသည်။ (Xinhua)


--------------------------------------------------------------------------------------
(Chinese Version)
全球瞭望|马来西亚媒体:中国为应对老龄化提供借鉴
新华社吉隆坡6月28日电(记者王嘉伟 袁睿)马来西亚《星报》网站日前发表文章指出,近年来中国通过发展银发经济、推进积极老龄化和科技赋能养老等举措,为马来西亚应对人口老龄化问题提供了有益借鉴。双方在智慧养老、医疗科技、终身学习等领域合作前景广阔,有望推动马中合作成果更多惠及民生。
文章说,目前,马来西亚60岁以上人口约占总人口的11.6%,预计到2030年左右马来西亚将步入老龄化国家行列。而中国正在大力发展银发经济,推动积极老龄化。
文章指出,中国的银发经济已发展为涵盖健康管理、康复服务、老年教育、老年旅游、理财规划、适老产品、社区服务和智能科技等的综合系统。预计未来银发经济等相关产业将可能成为中国增长最快的行业之一。
文章说,中国通过应用人工智能、机器人、数字医疗平台和物联网技术,在发展智慧老龄化解决方案方面取得显著进展。智能监测设备、远程医疗服务和养老技术正被日益广泛地应用于提升老年人的生活质量,支持老年人独立生活。这些创新有助于老年人保持更健康的身体、更紧密的社会联系和更积极的经济活动。
文章认为,通过借鉴中国发展银发经济和推动积极老龄化的经验,马来西亚可以更好应对未来人口结构变化,同时确保经济发展惠及各个群体。(完)
图说1:4月20日,在杭州市临平区东湖街道老年学校教室里,社区老年人在上花艺课程。新华社记者 徐昱 摄
图说2:2025年9月12日,观众在展会现场了解一款助听AI智能眼镜。新华社记者 梁旭 摄
图说3:2025年5月21日,游客从哈尔滨东站出发,踏上开往新疆阿勒泰的Y64次“龙泰号”援疆银发旅游专列。新华社发(徐率摄)








