ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့တောင်ရှိ မီဒီယာစင်တာတွင် သတင်းထောက်များက တိုက်ရိုက်ထုတ်လွှင့်မှုရုပ်ပုံအား ကြည့်ရှုနေသည်ကို  ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့တောင်ရှိ မီဒီယာစင်တာတွင် သတင်းထောက်များက တိုက်ရိုက်ထုတ်လွှင့်မှုရုပ်ပုံအား ကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဇွန် ၂၈ ရက် သတင်းဖော်ပြချက်အရ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန်တိုက်ခိုက်မှုများကို ရပ်တန့်ရန် သဘောတူညီခဲ့ကြပြီး နှစ်ဖက်စလုံးအနေဖြင့် ဇွန် ၃၀ ရက်တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အခြေအနေတင်းမာမှုအရှိန် တစ်ဖန်ပြန်လည်မြင့်တက်လာခြင်းကြောင့် မူလက ဇွန် ၃၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် ဆွေးနွေးပွဲကို ဒိုဟာသို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးမည့် အဓိကအချက်မှာလည်း အီရန်၏ နျူကလီးယားအစီအစဉ်မှ ဟော်မုဇ်ရေလက်ကြားကိစ္စရပ်သို့ ပြောင်းလဲသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် အမေရိကန်နှင့် အီရန်တို့ ယခင်က ဆွစ်ဇာလန်၌ ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲများတွင် ဟော်မုဇ်ရေလက်ကြားအတွင်း သွားလာမှုများကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်စစ်တပ်နှင့် အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အကြား ဆက်သွယ်ရေး hotline တစ်ခု ထူထောင်ရန် သဘောတူညီခဲ့ကြကြောင်း၊ သို့သော် ဇွန် ၂၇ ရက်အထိ ထို hotline မှာ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းတွင် အမေရိကန်နှင့် အီရန်တို့အကြား နားလည်မှုစာချွန်လွှာ ရရှိခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများ တစ်ဆင့်ချင်း ပြန်လည်စတင်နိုင်ခဲ့သော်လည်း မကြာသေးမီရက်ပိုင်းက အခြေအနေများ ပြန်လည်လှိုင်းထန်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇွန် ၂၇ ရက်တွင် ဟော်မုဇ်ရေလက်ကြားအနီးရှိ ကုန်တင်သင်္ဘောများကို အီရန်ဘက်မှ တိုက်ခိုက်သည်ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန်စစ်တပ်က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များစွာကို ထပ်မံတိုက်ခိုက်ခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ အီရန်အစ္စလာမ်မစ်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဇွန် ၂၈ ရက်တွင် ပြောကြားရာ၌ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အမေရိကန်၏ “ကျူးကျော်မှု” များအပေါ် “ပြတ်သားစွာ တုံ့ပြန်” ခဲ့ပြီးဖြစ်ကြောင်း၊ နောင်တွင် “စည်းကမ်းဖောက်ဖျက်” သည့် သင်္ဘောများကို ပိုမိုတင်းမာစွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်စစ်အခြေစိုက်စခန်းများကို “ငရဲခန်း” အသွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အီရန်နိုင်ငံ၏ ပါရှန်းပင်လယ်ကွေ့ ရေလက်ကြားစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က မကြာသေးမီက လူမှုကွန်ရက်ပေါ်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာကြမည့် သင်္ဘောအားလုံးသည် သတ်မှတ်ထားသည့် ရေလမ်းကြောင်းနှင့် လုပ်ထုံးလုပ်နည်းများအတိုင်းသာ သွားလာရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ရေလမ်းကြောင်းမှ မိမိသဘောအတိုင်း သွေဖည်သွားလာသော သင်္ဘောများသည် လုံခြုံရေးအာမခံချက်နှင့် ဆက်စပ်သည့် အာမခံကာကွယ်မှုများ ရရှိမည်မဟုတ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美媒:美伊同意停止互袭 30日在多哈继续谈判

新华社华盛顿6月28日电(记者徐剑梅)据美国阿克西奥斯新闻网站28日报道,一名美国高级官员说,美国和伊朗已同意停止互相袭击,双方将于30日在卡塔尔首都多哈继续谈判,聚焦霍尔木兹海峡问题。

报道说,因局势再度升级,原定于30日在瑞士举行的谈判改在多哈举行,谈判重点也从伊朗核计划转为霍尔木兹海峡问题。

报道还说,此前美伊在瑞士谈判中,同意在美国军方与伊朗伊斯兰革命卫队间建立一条“热线”,以协调霍尔木兹海峡的交通。但截至27日,这一“热线”仍未开通。

美国和伊朗本月早些时候达成谅解备忘录后,霍尔木兹海峡航运逐步恢复,但近日风波再起。

美东时间27日,美军以伊朗攻击霍尔木兹海峡附近海域商船为由,再次对伊朗境内多个目标实施打击。伊朗伊斯兰革命卫队当地时间28日说,已对近日美国“侵略”行径作出“果断回应”,今后将更强硬地对待“违规”船只,并威胁对美军基地发起“地狱”式打击。

伊朗波斯湾海峡管理局曾于近期在社交媒体发布公告称,所有通过霍尔木兹海峡的船舶须按照规定的航线和程序通行,擅自驶离指定航线的船舶将不享有安全保障及相关保险保障。(完)

1.     6月21日,在瑞士比尔根山,记者在媒体中心收看直播画面。新华社记者 连漪 摄