တူကီယဲ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan ၊ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty ၊ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud (ဝဲမှယာ) တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)
တူကီယဲ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan ၊ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty ၊ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud (ဝဲမှယာ) တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty ၊ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar ၊ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud နှင့် တူကီယဲ နိုင်ငံခြားရေးဝန်ကြီး Hakan Fidan တို့သည် ဇွန် ၂၁ ရက်တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ၍ အီရန်အရေးအပါအဝင် လက်ရှိဒေသတွင်းအခြေအနေနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

အီဂျစ်၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျေနှင့် တူကီယဲ တို့ ထိုနေ့တွင် ထုတ်ပြန်သော ပူးတွဲကြေညာချက်၌ အမေရိကန်နှင့် အီဂျစ် ပဋိပက္ခသည် ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှု၊ နိုင်ငံတကာစွမ်းအင်ဈေးကွက်၊ ပင်လယ်ရေကြောင်းလမ်း၊ တစ်ကမ္ဘာလုံး ထောက်ပံ့ရေးကွင်းဆက်နှင့် နိုင်ငံတကာ ကုန်သွယ်ရေး အပေါ် အရေးကြီးအန္တရာယ်ဖြစ်စေကြောင်း၊ ဘက်အသီးသီးက လတ်တလောကာလအတွင်း အမေရိကန်-အီရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှုအပေါ် ကြိုဆိုကြောင်း ဖော်ပြခဲ့ပြီး ယင်းသည် အခြေအနေ အရှိန်ပြေလျော့လာမှု တွန်းအားပေးခြင်း၊ ဒေသတွင်းပဋိပက္ခ အဆုံးသတ်ခြင်းအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု ယူဆကြသည့်အပြင် သက်ဆိုင်သူများအနေဖြင့် ကတိကဝတ်အား သစ္စာရှိစွာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်နှင့် အီရန်သည် လက်ရှိအပြုသဘောဆောင်သော အလားအလာကို ဆက်လက်ထိန်းသိမ်းထားကာ နောက်တစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုကို အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင်၍ ကျန်ရှိသော အရေးကိစ္စများတွင် ရေရှည်ဖြစ်သော၊ စစ်ဆေးအတည်ပြုနိုင်သောနှင့် နှစ်ဖက်လုံး လက်ခံနိုင်သော ဖြေရှင်းရေးနည်းလမ်းရရှိသင့်ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုသည် ဒေသတွင်းသက်ဆိုင်ရာနိုင်ငံများ၏ ဂရုပြုမှုကိုလည်း တုံ့ပြန်ရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့ပြင် ကြေညာချက်တွင် ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအား ဖော်ဆောင်သည့် အရေးကြီးအချက်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလမ်၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေအား ဂရုပြုရန် အလေးထား ‌ဖော်ပြထားသည်။

ထိုနေ့မတိုင်မီ ရှေ့တစ်ရက်တွင် အီဂျစ်၊ ဆော်ဒီအာရေဗျ၊ တူကီယဲ နိုင်ငံခြားရေးဝန်ကြီးတို့သည် အမေရိကန် အဆင့်မြင့်အရာရှိနှင့် ကိုင်ရိုမြို့၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ၍ အီရန်အရေး စသည့် ဒေသတွင်း အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့တောင်တွင် ဆွေးနွေးညှိနှိုင်းမှု ကျင်းပခဲ့ရာ ယင်းသည် အမေရိကန်နှင့် အီရန်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုဖြစ်သည်။ (Xinhua)

------------------

(Chinese Version)

埃及、巴基斯坦、沙特、土耳其外长在开罗举行会谈

新华社开罗6月21日电(记者徐皓夫 姚兵)埃及外长阿卜杜勒阿提、巴基斯坦副总理兼外交部长达尔、沙特阿拉伯外交大臣费萨尔和土耳其外长费丹21日在开罗举行会谈,就包括伊朗问题在内的当前地区局势交换意见。   

埃及、巴基斯坦、沙特、土耳其当天发布联合声明称,美国与伊朗冲突对地区安全与稳定、国际能源市场、海上航线、全球供应链和国际贸易构成重大风险。各方对近期美伊签署谅解备忘录表示欢迎,认为这对推动局势缓和、结束地区冲突起建设性作用,并强调有关方应忠实履行承诺。   

四国外长表示,美伊应保持当前积极势头,尽快完成下一阶段谈判,就剩余问题达成持久、可核查且双方都能接受的解决方案,同时美伊谈判需回应地区相关国家关切。   

此外,声明重申巴勒斯坦问题是实现中东和平稳定的关键,强调关注加沙地带、约旦河西岸和东耶路撒冷的人道主义局势。   

此前一天,埃及、沙特、土耳其外长和美国高级官员在开罗举行会谈,讨论伊朗问题等地区议题。美国和伊朗代表团21日在瑞士比尔根山举行谈判。这是美伊签署谅解备忘录后的首轮会谈。(完)

图说1、2:6月21日,在埃及首都开罗,土耳其外长费丹、巴基斯坦副总理兼外交部长达尔、埃及外长阿卜杜勒阿提、沙特阿拉伯外交大臣费萨尔(从左至右)合影。新华社发(艾哈迈德·戈马摄)