ပုံစာ ၁- တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ ရှီးဟူအမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်တွင် မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) နှင့် မြင်းပေါက်ကလေးတစ်အုပ်က မြက်ခင်းပြင်တစ်ခု၌ လှည့်လည်အစာရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ပုံစာ ၁- တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ ရှီးဟူအမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်တွင် မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) နှင့် မြင်းပေါက်ကလေးတစ်အုပ်က မြက်ခင်းပြင်တစ်ခု၌ လှည့်လည်အစာရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက် ညနေပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

သွန်းဟွမ် (ကန်းစု)၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မကြာသေးမီရက်များတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့ ရှီးဟူအမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ ယွိမန်ကွမ်း ကာကွယ်ရေးစခန်းမှ ဝန်ထမ်းများက အဝေးမှ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကွင်းဆင်းကင်းလှည့်စစ်ဆေးခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် ကာကွယ်ထိန်းသိမ်းရေးဇုန်အတွင်း သဘာဝအတိုင်း လွှတ်ပေးထားသော မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) မျိုးစိတ်အုပ်စုသည် မြင်းပေါက်ကလေး ၁၀ ကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဤမွေးကင်းစ မြင်းကလေးများသည် ကျန်းမာကြပြီး မြင်းအုပ်စုနှင့်အတူ လွတ်လပ်စွာ လှည့်လည်သွားလာကာ အစာရှာဖွေစားသောက်နေကြသည်။

မွန်ဂိုလီးယားမြင်းရိုင်းသည် ကမ္ဘာတစ်ဝန်းတွင် တစ်ခုတည်းသော မြင်းရိုင်းမျိုးဖြစ်ပြီး တစ်ချိန်က တောရိုင်းတွင် မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် “မြင်းရိုင်းများ   ဇာတိပြန်ရေး” အစီအစဉ် စတင်ဖော်ဆောင်ခဲ့ပြီး နိုင်ငံခြားမှ မွန်ဂိုလီးယားမြင်းရိုင်းများ တင်သွင်းကာ ရှင်းကျန်းနှင့် ကန်းစုဒေသတွင် သားဖောက်မွေးမြူခဲ့ပြီး နောက်ပိုင်းတွင် တောရိုင်းသဘာဝအတွင်း ပြန်လည်လွှတ်ပေးခြင်း စမ်းသပ်မှုများ ဖြည်းဖြည်းချင်းလုပ်ဆောင်ခဲ့သည်။

သွန်းဟွမ်မြို့ ရှီးဟူအမျိုးသားအဆင့် သဘာဝကာကွယ်ထိန်းသိမ်းရေးဇုန်တွင် စိမ့်မြေ၊ မြက်ခင်းပြင်၊ သစ်တောမြေ၊ ဂိုဘီ သဲကန္တာရစသည့် အမျိုးစုံလင်သော ဂေဟစနစ်များ ပိုင်ဆိုင်ထားပြီး မွန်ဂိုလီးယားမြင်းရိုင်းများ အသက်ရှင်နေထိုင်ရာ ပတ်ဝန်းကျင်အင်္ဂါရပ်များနှင့် ကိုက်ညီရာ တောရိုင်းသဘာဝအတွင်း ပြန်လည်လွှတ်ပေးရန် စမ်းသပ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၂၅ ခုနှစ်နှောင်းပိုင်းတွင် ထိုကာကွယ်ထိန်းသိမ်းရေးဇုန်အတွင်းရှိ မွန်ဂိုလီးယားမြင်းရိုင်းအကောင်ရေသည် ၂၀၀ ကျော်ခဲ့ပြီး သဘာဝအတိုင်း မွေးမြူသည့် တည်ငြိမ်စွာ မျိုးပွားသော မျိုးစိတ်အုပ်စုဖြစ်လာခဲ့သည်။ (Xinhua)

...............................

(Chinese Version)

甘肃敦煌普氏野马“添丁”

新华社照片,敦煌(甘肃),2026年6月16日

近日,甘肃敦煌西湖国家级自然保护区管护中心玉门关保护站工作人员,通过远程监测与实地巡查相结合的方式,发现保护区内野化放归的普氏野马种群已成功繁育10匹马驹。这批新生马驹身体健康,跟随种群自由活动觅食。

普氏野马是全球现存唯一野生马种,曾一度濒临野外灭绝。1985年我国启动“野马返乡”计划,陆续从国外引进普氏野马,在新疆、甘肃繁育,后逐步开展野化放归试验。甘肃敦煌西湖保护区拥有湿地、草地、林地、戈壁荒漠等多样生态系统,符合普氏野马生存环境特征,被列为野化放归试验区。截至2025年底,该保护区内普氏野马数量已突破200匹,形成了稳定繁衍的野生种群。

图说1:6月14日傍晚,在甘肃敦煌西湖国家级自然保护区,一群普氏野马和小马驹在一处草地上活动觅食(无人机照片)。 新华社记者 郎兵兵 摄

图说2:6月14日傍晚,在甘肃敦煌西湖国家级自然保护区,一群普氏野马带着小马驹穿过一处戈壁滩(无人机照片)。新华社记者 郎兵兵 摄