
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက လတ်တလောရက်ပိုင်းတွင် တရုတ်ကုမ္ပဏီများစွာအား “တရုတ်စစ်ဘက်ဆိုင်ရာ ကုမ္ပဏီစာရင်း” တွင် ထည့်သွင်းမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသည် ယင်းအပေါ် များစွာ မကျေနပ်ကြောင်းနှင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် တရုတ်-အမေရိကန် အကြီးအကဲနှစ်ဦး၏ ပေကျင်းတွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်အား မငဲ့ကွက်ဘဲ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး အခင်းအကျင်းကြီးကို လျစ်လျူရှုကာ အမျိုးသားလုံခြုံရေး အယူအဆများကို အဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့်အသုံးချပြီး နိုင်ငံအင်အားကို အလွဲသုံး၍ တရုတ်လုပ်ငန်းကုမ္ပဏီများအပေါ် အကြောင်းမဲ့ဖိနှိပ်မှုပြုလုပ်ကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာ ကုန်သွယ်စီးပွားရေးနည်းစနစ်ကို ဆိုးရွားစွာဖျက်ဆီးပြီး ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို များစွာအန္တရာယ်ဖြစ်စေသလို တရုတ်လုပ်ငန်းကုမ္ပဏီများ၏ လျော်ကန်သော တရားဝင် အခွင့်အာဏာနှင့် အကျိုးစီးပွားအား ဆိုးရွားစွာ ထိခိုက်စေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် မှားယွင်းသောလုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာအစီအမံအား ချက်ချင်းပယ်ဖျက်ရန်၊ အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန်ဆက်ဆံရေး တည်ဆောက်မှု ဟူသည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်၊ တရုတ်လုပ်ငန်းကုမ္ပဏီအတွက် တရားမျှတသော၊ သမာသမတ်ကျသော၊ ခွဲခြားဆက်ဆံမှုမရှိသော ခံစားခွင့်များ ပံ့ပိုးပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ သို့မဟုတ်ပါက တရုတ်နိုင်ငံသည် ခိုင်မာအားကောင်းစွာ တန်ပြန်လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပေါ်ထွက်လာသော အကျိုးဆက်များနှင့် တာဝန်များကို အမေရိကန်နိုင်ငံကသာ အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
#China #US #Enterprise #တရုတ် #အမေရိကန် #ကုမ္ပဏီ
--------------------------------------------------------------------------------------
(Chinese Version)
商务部回应美将部分中企列入“中国军事企业清单”
新华社北京6月13日电 针对美国国防部近日将多家中国企业列入“中国军事企业清单”,商务部新闻发言人13日表示,中方对此强烈不满、坚决反对。
发言人说,美方罔顾中美两国元首北京会晤共识,无视中美经贸关系大局,不断泛化国家安全概念,滥用国家力量,对中国企业进行无理打压,美方做法严重破坏国际经贸秩序,严重危害全球产供链稳定,严重损害中国企业正当合法权益。
发言人表示,中方敦促美方立即停止错误做法,立即撤销有关措施,回到构建中美建设性战略稳定关系的正确轨道上来,为中国企业提供公平、公正、非歧视待遇。否则,中方必将坚决有力反制,由此产生的后果和责任完全由美方承担。(完)
图说:5月5日,在美国洛杉矶,人们在“国际显示周”上参观TCL华星展台。新华社发(邱晨摄)








