တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ် အဆင့်ငါးဆင့်ပါ ရေပြင်ညှိဆည်အနီး ခုတ်မောင်းနေသော သင်္ဘောများကို ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ် အဆင့်ငါးဆင့်ပါ ရေပြင်ညှိဆည်အနီး ခုတ်မောင်းနေသော သင်္ဘောများကို ၂၀၂၆ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)  

တရုတ်နိုင်ငံ၏ မြစ်ကျဉ်းသုံးသွယ်‌ ရေကြောင်းလမ်းအသစ်စီမံကိန်းက တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်မှု ကွင်းဆက်တစ်ခုလုံး၌ အစိမ်းရောင်နှင့် ခေတ်မီစမတ်ဖွံ့ဖြိုးတိုးတက်မှု အယူအဆများကို မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော All Media တွေ့ဆုံဆွေးနွေးပွဲ တရုတ်စီးပွားရေးစကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့်အပိုင်း၌ ဧည့်သည်‌အဖြစ် ပါဝင်ဆွေးနွေးသူများက ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းကို ဇွန် ၈ ရက်က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့တွင် ပန္နက်ရိုက်ခဲ့သည်။ ယင်းစီမံကိန်းကို ခေတ်မီစမတ် အစိမ်းရောင် သင်္ဘောဖြင့်တင်ပို့မှုလမ်းကြောင်း အချက်အချာမျိုးဆက်သစ်ဖြစ်လာရန် မျှော်မှန်းထားပြီး စမတ်စနစ်သုံးလုပ်ငန်းစဉ်၊ စမတ်ရေကြောင်းနှင့် စမတ်ရေပြင်ညှိဆည် စသည့် အဓိကကဏ္ဍ သုံးခုပါဝင်မည့် ဘက်စုံဉာဏ်ရည်ထည့်သွင်းထားသည့် ရေကြောင်းသွားလာမှုစနစ် တစ်ခုဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဝမ်ဟွေးက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260612/a92073086d564516911024473c7b3eff/c.html  

……………………………………..

(English Version)

(China Economic Roundtable) China's Three Gorges new waterway project to highlight smart, green features

BEIJING, June 12 (Xinhua) -- China's Three Gorges new waterway project will promote green and smart development concepts through its entire construction and operation cycle, guest speakers said during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.

The project broke ground in Yichang of central China's Hubei Province on Monday. It is envisioned as a new-generation smart green shipping hub, featuring a comprehensive intelligent navigation system that will span three core domains: smart scheduling, smart waterway and smart ship lock, said Wang Hui, an official with the Ministry of Transport.

https://english.news.cn/20260612/a92073086d564516911024473c7b3eff/c.html

Photo: A drone photo taken on June 8, 2026 shows ships sailing near the five-tier ship locks of the Three Gorges Dam in Yichang, central China's Hubei Province. (Xinhua/Wu Zhizun)