လူလိုက်ပါ လေယာဉ်ပျံသန်းမှု သရုပ်ဖော်စက်တစ်မျိုးကို သုံး၍ လေကြောင်းတိုက်ခိုက်ရေးဂိမ်း စမ်းသပ်ကစားနေသည့် လာရောက်ကြည့်ရှုသူအား ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ် (ရှန်ဟိုင်း) နိုင်ငံတကာ နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲ (CSITF) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းကမ္ဘာ့ကုန်စည်ပြပွဲခန်းမတွင် ဇွန် ၁၁ ရက်၌ ဖွင့်လှစ်ခဲ့သည်။

ယခုအကြိမ် ပြပွဲကို “နည်းပညာကုန်သွယ်မှု ဂေဟစနစ်သစ် ဖန်တီးပြီး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို အတူတကွ ရေးဆွဲကြမည်” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။ အဆိုပါပြပွဲ၏ ဧရိယာမှာ စတုရန်းမီတာ ၃၈,၀၀၀ ရှိပြီး ပင်မပြခန်းဇုန် ၁ ခု၊ အထူးပြုနည်းပညာပြခန်းဇုန် ၄ ခုနှင့် ဆန်းသစ်တီထွင်မှုနှင့် ကုန်သွယ်ရေးဝန်ဆောင်မှုဇုန် ၁ ခုဖွဲ့စည်းထားကာ ဉာဏ်ရည်တု (AI)၊ Large Model နည်းပညာ၊ အစိမ်းရောင်လောင်စာ၊ စွမ်းအင်သိုလှောင်ရေးနှင့်သယ်ယူပို့ဆောင်ရေး၊ စမတ်အိမ်သုံးပစ္စည်း၊ ဦးနှောက်နှင့် ကွန်ပျူတာ ချိတ်ဆက်မှုနည်းပညာ (BCI) ၊ ပြန်လည်သန်စွမ်းရေးနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စသည့် ကဏ္ဍများ၏ ဆန်းသစ်တီထွင်မှု နည်းပညာဆိုင်ရာ အောင်မြင်မှုရလဒ်များ ပါဝင်ပြသထားသည်။ (Xinhua)

………………………….

(Chinese Version)

上海:中国(上海)国际技术进出口交易会开幕

新华社照片,上海,2026年6月11日

6月11日,第十二届中国(上海)国际技术进出口交易会在上海世博展览馆开幕。

本届上交会以“打造技术贸易新生态 共绘全球合作新篇章”为主题,展览面积3.8万平方米,设置1个主题馆展区、4个专业技术展区和1个创新及交易服务区,涵盖人工智能、大模型、绿色燃料、能源储运、智能家居、脑机接口、康复养老等领域内的创新技术成果。

图说1:6月11日,参观者在体验使用一款载人飞行模拟舱进行空战的游戏。 新华社记者 方喆 摄

图说2:6月11日,参观者在一个通过头部动作捕捉控制的轮椅展品旁交流讨论。新华社记者 方喆 摄

图说3:6月11日,参观者在体验通过佩戴式脑机接口装置控制机器人。新华社记者 方喆 摄