
ပုံစာ- “SCO Plus” အစည်းအဝေးကို တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်း ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် ညနေပိုင်းက ကျင်းပရာတွင် အီဂျစ်နိုင်ငံဝန်ကြီးချုပ် Mostafa Madbouly အစည်းအဝေးတက်ရောက်စဉ် (ဆင်ဟွာ)
ကိုင်ရို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
နှစ်ပေါင်း ၇၀ ဖြတ်သန်းလာပြီးနောက် အီဂျစ်-တရုတ်ဆက်ဆံရေးသည် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာတစ်ခု ဖြစ်လာခဲ့ပြီး နှစ်နိုင်ငံသည် “ခေတ်သစ် လိုအပ်ချက်များနှင့် ကိုက်ညီသော အီဂျစ်-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတစ်ခုတည်ဆောက်ရန်” အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း အီဂျစ်အစိုးရအဖွဲ့က ဇွန် ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အီဂျစ်သည် အာရပ်နှင့် အာဖရိကနိုင်ငံများအနက် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး အစောဆုံးထူထောင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကြာကာလတစ်လျှောက်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာကာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို အဆက်မပြတ် ခိုင်မာစေခဲ့ပြီး နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးချဲ့ခဲ့ရာ နိုင်ငံတကာဆက်ဆံရေးအတွက် စံနမူနာထူထောင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ နက်ရှိုင်းမှုကို ထင်ဟပ်စေပြီး ခေတ်သစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အီဂျစ်-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်မှုကို မြှင့်တင်ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေး မြှင့်တင်ရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးသည် အီဂျစ်၌ အကောင်အထည်ဖော်နေသော အရေးပါသည့်စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပြသလျက်ရှိကြောင်း၊ ယင်းစီမံကိန်းများအနက် ကိုယ်စားပြုမှုအရှိဆုံးမှာ အုပ်ချုပ်ရေးမြို့တော်သစ် (New Administrative Capital – NAC) ဗဟိုစီးပွားရေးခရိုင် (Central Business District) စီမံကိန်းဖြစ်ကြောင်း၊ ဤရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများသည် အီဂျစ်-တရုတ် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး၏ မျိုးကွဲစုံလင်မှု၊ အချိန်နှင့်အမျှ ကျယ်ပြန့်လာသော ဖွံ့ဖြိုးတိုးတက်မှုကို ပြသနေကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ (Xinhua)








