ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအရေးထားကြောင်း၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုဖော်ဆောင်ကာ နှစ်နိုင်ငံအစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်ကို ခိုင်မြဲအောင် မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးဖြစ်ထွန်းအောင် ဖော်ဆောင်လျက်ရှိကြောင်း ဩဂုတ် ၂၁ ရက်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်ဖြစ်သော Ms. Ma Jia ထံမှ သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ကို ပထမဦးဆုံး အဆိုပြုခဲ့ကြကြောင်း၊ မူကြီး ၅ ရပ်၏ စိတ်ဓာတ်ကို အမြဲတစေလိုက်နာကာ ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒကို မမှိတ်မသုန် မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ် ချိတ်ဆက်မှုများတိုးမြှင့်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်သွားရန် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဘက်က မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျထိန်းသိမ်းကာကွယ်ပေး၍ နှစ်ဦးနှစ်ဖက်ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းသောပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်းလည်း Ms. Ma Jia က ပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
Myanmar highly values relations with China: SAC chairman
YANGON, Aug. 22 (Xinhua) — Chairman of Myanmar’s State Administration Council (SAC) Senior General Min Aung Hlaing said on Wednesday that Myanmar highly values its relations with China and is committed to developing bilateral cooperation in various fields, strengthening the traditional paukphaw (fraternal) friendship and benefiting both peoples.
Min Aung Hlaing, while receiving in Nay Pyi Taw the credentials presented by the new Chinese Ambassador to Myanmar Ma Jia, noted that Myanmar and China are the first initiators of the Five Principles of Peaceful Coexistence and have consistently carried out friendly cooperation in accordance with the principles.
Myanmar will make every effort to safeguard the safety of Chinese personnel and projects in Myanmar, effectively safeguard the security and stability of the Myanmar-China border, and will never allow any behavior that undermines China’s security and interests, Min Aung Hlaing added.
For her part, Ma said China will steadfastly promote its friendly policy toward Myanmar, and welcome Myanmar to strengthen engagement with China and jointly build a China-Myanmar community with a shared future. It is hoped that Myanmar will effectively safeguard the safety of Chinese personnel and projects in Myanmar and create a safe environment for exchanges and cooperation, Ma added.
Photo: Chairman of Myanmar’s State Administration Council (SAC) Senior General Min Aung Hlaing (L) receives the credentials presented by the new Chinese Ambassador to Myanmar Ma Jia, in Nay Pyi Taw, Myanmar, Aug. 21, 2024. (State Administration Council of Myanmar/Handout via Xinhua)
မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို လွန်စွာအရေးထားကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌပြောကြား
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
