ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် မတ် ၂၇ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ရာ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ရှုံအန်းဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တစ်ဆင့်တိုး မြှင့်တင်ရေးအတွက် အလေးထားမှာကြားခဲ့သည်။
ရှုံအန်းဧရိယာသစ်အား အရည်အသွေးမြင့်မားစွာ တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် လက်တွေ့ကျ၍ ထိရောက်သည့် အစီအမံများ ဆောင်ရွက်ရေး၊ ပေကျင်း၏ မြို့တော်အင်္ဂါရပ်၌ အရေးတကြီး မလိုအပ်သော လုပ်ငန်းဆောင်တာများကို လျှော့ချခြင်းနှင့် အဆိုပါ လုပ်ငန်းဆောင်တာများကို ယင်းဧရိယာသစ်၏ လိုက်လျောညီထွေ လက်ခံဆောင်ရွက်နိုင်မှုနှင့် ဆွဲဆောင်နိုင်မှုအတွက် အရှိန်အဟုန်များ ဖြည့်တင်းရေးအတွက် ထိုအစည်းအဝေး၌ တိုက်တွန်းခဲ့သည်။
ပြည်တွင်းအရင်းအမြစ်အင်အားဖြင့် မောင်းနှင်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို စဉ်ဆက်မပြတ် တိုးမြှင့်ရေး၊ အဆိုပါ ဧရိယာသစ်အား မူဝါဒပိုင်းအဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုအရသော်လည်းကောင်း၊ အဓိက ပလက်ဖောင်းများ၏ အခင်းအကျင်းနှင့် ဒေသအလိုက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရသော်လည်းကောင်း ပိုမိုထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းအားထုတ်သင့်ကြောင်း အစည်းအဝေး၌ ပြောကြားချက်အရ သိရသည်။
အဆိုပါ အစည်းအဝေး၌ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် အစီရင်ခံစာတစ်စောင်ကိုလည်း တင်သွင်းဖတ်ကြားခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို အပြည့်အဝ ဖော်ထုတ်ရန်၊ ကုန်ထုတ်ဝန်ဆောင်မှုလုပ်ငန်းများကို အထူးစီမံထုတ်လုပ်ခြင်းဆီသို့ ဦးတည်ဆောင်ရွက်မှုနှင့် တန်ဖိုးကွင်းဆက် ချဲ့ထွင်မှု တိုးမြှင့်ရန်၊ စားသုံးသူ ဝန်ဆောင်မှုလုပ်ငန်းများ ကဏ္ဍစုံလင်၍ အဆင်ပြေချောမွေ့စွာ တိုးတက်မှုကို ပံ့ပိုးပေးရန် လိုအပ်ကြောင်း အစည်းအဝေး၌ မှတ်ချက်ပြုခဲ့သည်။
ဦးဆောင်မှုအခန်းကဏ္ဍ၌ ခိုင်ခိုင်မာမာရှိနေသည့် အဓိက နယ်ပယ်များအား မူဝါဒပိုင်း ပံ့ပိုးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ယန္တရားများ ကောင်းမွန်ပြည့်စုံရေးအတွက် အလေးထားလုပ်ဆောင်သင့်ကြောင်း အစည်းအဝေး၌ ပြောကြားခဲ့ကာ ဘဏ္ဍာရေး၊ အခွန်စည်းကြပ်မှု၊ ငွေကြေးနှင့် အခြေခံအာမခံချက်များအရ တိုးမြှင့်ပံ့ပိုးပေးရန်၊ ဝန်ဆောင်မှုကဏ္ဍတွင် ဈေးကွက်ဝင်ရောက်ခွင့်နှင့် တံခါးဖွင့်လှစ်မှု ချဲ့ထွင်ရန်၊ ဈေးကွက်၏ စည်ကားသက်ဝင်မှုကို အပြည့်အဝ ဖော်ထုတ်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆင့်ဆင့်ရောဂါရှာဖွေရေးနှင့် ကုသရေးစနစ် ထူထောင်မှု အရှိန်မြှင့်တင်ရေးဆိုင်ရာ မူဝါဒအစီအမံများနှင့် စပ်လျဉ်း၍လည်း အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။ အဖြစ်များလေ့ရှိသော ရောဂါများနှင့် နာတာရှည်ရောဂါများကို အဓိကထားလျက် အခြေခံအဆင့်၌ ကနဦး ရောဂါရှာဖွေစစ်ဆေးမှု ခံယူရေးအတွက် အများပြည်သူအား လမ်းညွှန်ရန်၊ အခြေခံလူထုအတွက် ဆေးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အခြေခံအဆင့် စွမ်းဆောင်နိုင်စွမ်း မြှင့်တင်ခြင်းတို့ကို အထောက်အကူပေးရန် ကြိုးပမ်းအားထုတ်သင့်ကြောင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Chinese premier chairs State Council executive meeting
BEIJING, March 27 (Xinhua) — Chinese Premier Li Qiang on Friday presided over a State Council executive meeting that emphasized further promoting the high-quality construction and development of the Xiong’an New Area in north China’s Hebei Province.
The meeting called for pragmatic and effective measures to advance the high-quality construction and development of the Xiong’an New Area, and strengthening both the momentum for relieving Beijing of functions non-essential to its role as the national capital and the new area’s capacity to attract and accommodate such functions.
Efforts should be made to continuously enhance endogenous development momentum and provide greater support to the new area in terms of policy and institutional innovation, layout of major platforms, and regional economic cooperation, according to the meeting.
The meeting also heard a report on the development of China’s service sector. It is necessary to fully tap the development potential of the service sector, promote the extension of producer services toward specialization and the high end of the value chain, and facilitate the high-quality, diversified and convenient development of consumer services, the meeting noted.
Efforts should be focused on key areas with strong leading roles to improve policy support and institutional mechanisms, said the meeting, urging an increase in support in terms of fiscal, taxation, financial and factor guarantees, expanding market access and opening up in the service sector, and fully unleashing market vitality.
The meeting also discussed policy measures regarding accelerating the construction of a tiered diagnosis and treatment system. Efforts should be made to guide the public to seek initial diagnosis at the grassroots level, with a focus on common and chronic diseases, and to promote the channeling of medical and health services to the grassroots and the improvement of grassroots capacity, the meeting said.
English Caption
Chinese Premier Li Qiang chairs the 11th plenary meeting of the State Council on March 16, 2026. (Xinhua/Huang Jingwen)
တရုတ်နိုင်ငံ ဝန်ကြီးချုပ်က နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပ
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
