ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ထွန်းသစ်စ နောက်ဆုံးပေါ်နည်းပညာများကို စက်မှုလုပ်ငန်း၌ အသုံးချမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ အနာဂတ် စက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ခေတ်သစ် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များအတွက် အားကောင်းသော မောင်းနှင်အား ဖြစ်လာခဲ့သည်ဟု တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ သိရသည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အဆိုပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ အမြင်များကို မျှဝေခဲ့ကြသည်။
တရုတ်သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အကယ်ဒမီ၏ ပါတီအတွင်းရေးမှူးဖြစ်သူ လျိုတုန်းမေက အမျိုးမျိုးသော နောက်ဆုံးပေါ် နည်းပညာများသည် မကြာသေးမီ နှစ်များအတွင်း လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဉာဏ်ရည်တု (AI) ၊ ကွမ်တမ် သတင်းအချက်အလက်နှင့် ဇီဝကုန်ကြမ်းထုတ်လုပ်မှု စသည့် နယ်ပယ်များတွင် နယ်ပယ်အချို့၌ ရှေ့ဆုံးမှဦးဆောင်နေခြင်းနှင့် နိုင်ငံတကာမှ အဆင့်တူနိုင်ငံများကို အမီလိုက်ခြင်းဟူသော အခြေအနေနှစ်ရပ် ပေါင်းစပ်ထားသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အခြေခံသုတေသန၊ ပင်မနည်းပညာများ စုစည်းမှု၊ စက်မှုလုပ်ငန်း၌ တွင်တွင်ကျယ်ကျယ် အသုံးချမှုနှင့် နိုင်ငံတကာ၌ ယှဉ်ပြိုင်ရာတွင် ပုံရိပ်ပိုမိုအားကောင်းလာမှုတို့တွင် ထိုးဖောက်အောင်မြင်မှုများကို အသားပေးသည့် အတော်အတန် စေ့စပ်သေချာသော ဖွံ့ဖြိုးတိုးတက်မှု စံနမူနာတစ်ရပ်ကို ပုံဖော်ခဲ့သည်ဟု လျိုက မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံ၏ AI ကဏ္ဍသည် ကမ္ဘာ့ထိပ်တန်းအဆင့်၌ရှိကြောင်း၊ တရုတ်ကုမ္ပဏီများက ဖန်တီးထားသည့် အကြီးစား open-source မော်ဒယ်များအား ဒေါင်းလုတ်ရယူမှုမှာ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
JD.com ၏ သုတေသနအင်စတီကျု အကြီးအကဲ လျိုဟွေးကလည်း ထောက်ပံ့ကွင်းဆက် စွမ်းဆောင်ရည်အပေါ် အမှီပြုထားသော နည်းပညာနှင့် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုအဖို့ နည်းပညာသစ်များက ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော မောင်းနှင်အားအဖြစ် ပံ့ပိုးပေးသည်ဟု ဆိုသည်။ ကုမ္ပဏီအနေဖြင့် ပြည်တွင်းအေးဂျင့် သို့မဟုတ် “ဒစ်ဂျစ်တယ်ပလက်ဖောင်းမှ လုပ်ဖော်ကိုင်ဖက်” ၅၀,၀၀၀ ကို အသုံးပြုထားသည်ဟု ပြောကြားခဲ့သည်။
ပေကျင်းမြူနီစီပယ် သိပ္ပံနှင့်နည်းပညာ ကော်မရှင်နှင့် ကျုံးကွမ်းချွမ်း သိပ္ပံဥယျာဉ် စီမံခန့်ခွဲရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး ကျိုင်ထျန်းရွှေ့က ၂၀၂၅ ခုနှစ်တွင် ပေကျင်း၌ ဈေးကွက်တန်ဖိုး ဒေါ်လာတစ်ဘီလီယံအထက်ရှိသော ကုမ္ပဏီအရေအတွက် ၁၁၆ ခုရှိရာ တရုတ်နိုင်ငံရှိ မြို့ကြီးများတွင် နံပါတ်တစ်နေရာ၌ ရပ်တည်နေပြီး တစ်ကမ္ဘာလုံးတွင်မူ အရေအတွက်နှင့် တန်ဖိုးအားဖြင့် နံပါတ်သုံးနေရာ၌ ရပ်တည်နေသည်ဟု ပြောကြားခဲ့သည်။
ပေကျင်းမြို့၏ ဈေးကွက်တန်ဖိုး ဒေါ်လာတစ်ဘီလီယံအထက်ရှိသော ကုမ္ပဏီများမှာ လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် ဖြန့်ခွဲတည်ရှိကာ AI ကဏ္ဍ၌ အရေအတွက်အများဆုံးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………
(English Version)
(China Economic Roundtable) Emerging frontier technologies drive future industries, power economic growth
BEIJING, April 1 (Xinhua) — Emerging frontier technologies are accelerating industrial applications, with the development of future industries becoming a powerful engine for new quality productive forces in the new era, according to officials and experts.
Officials and experts from various sectors shared their views on this topic during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
Liu Dongmei, Party secretary of the Chinese Academy of Science and Technology for Development, said that in recent years, various frontier technologies have experienced rapid development.
In fields such as artificial intelligence (AI), quantum information and biomanufacturing, China has entered a new phase characterized by a mix of leading in some areas and keeping pace with global counterparts, she added.
Liu noted that China has formed a relatively mature development pattern featuring breakthroughs in basic research, accumulated core technologies, large-scale industrial applications, and a growing voice in international competition.
China’s AI sector ranks among the global top tier, said Liu, noting that the number of downloads for open-source large models provided by Chinese enterprises in 2025 ranked first globally according to data from the Ministry of Industry and Information Technology.
Liu Hui, head of a research institute with JD.com, said that as a technology and service company built on supply chain capabilities, new technologies serve as the fundamental driving force for the company’s growth. He noted that the company has deployed 50,000 internal agents, or “digital colleagues,” to help improve efficiency.
Zhai Tianrui, a deputy director of Beijing Municipal Science and Technology Commission and Zhongguancun Science Park Administrative Committee, said that in 2025, the number of unicorn enterprises in Beijing reached 116, ranking first among Chinese cities and third globally in both number and valuation.
Beijing’s unicorn enterprises span 11 industries, with the largest number in the AI sector, he added.
English Caption
The large video generation model Seedance 2.0 is displayed at the permanent exhibition at the Zhongguancun Exhibition Center in Beijing, capital of China, March 25, 2026. (Xinhua/Ju Huanzong)
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) ထွန်းသစ်စ နောက်ဆုံးပေါ်နည်းပညာများက အနာဂတ် စက်မှုလုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုကို အားဖြည့်မောင်းနှင်ပေး
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
