မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်တွင် ယခုနှစ် ပထမနှစ်ဝက်အတွင်း ဘုရားဖူးပြည်သူ ၃.၈၇ သန်းကျော် လာရောက်ဖူးမြော်
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်က ဖူးမြင်ရစဉ် (ဆင်ဟွာ)ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ပထမနှစ်ဝက်အတွင်း ဘုရားဖူးပြည်သူ ၃.၈၇ သန်း လာရောက်ဖူးမြော်ခဲ့ကြကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာကို ဇူလိုင် ၄ ရက်၌ ပြောကြားခဲ့သည်။ ဇန်နဝါရီလမှ ဇွန်လအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၄၀,၀၀၀ ကျော် လာရောက်ခဲ့ကြပြီး အများစုမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှဖြစ်ကြောင်း ဦးဘိုးသင