ကူဝိတ်နိုင်ငံအမျိုးသားဂြိုဟ်တုအဖွဲ့မှ အဖွဲ့ဝင်များ ကူဝိတ်နိုင်ငံမြို့တော်အုပ်ချုပ်ရေးဒေသတွင် KuwaitSAT1 ဂြိုဟ်တု၏ နောက်ဆုံးအဆင့်စမ်းသပ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကူဝိတ်နိုင်ငံအမျိုးသားဂြိုဟ်တုအဖွဲ့မှ အဖွဲ့ဝင်များ ကူဝိတ်နိုင်ငံမြို့တော်အုပ်ချုပ်ရေးဒေသတွင် KuwaitSAT1 ဂြိုဟ်တု၏ နောက်ဆုံးအဆင့်စမ်းသပ်မှုများ ပြုလုပ်နေသည်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံသည် အာကာသသုတေသနနှင့် နည်းပညာဆိုင်ရာစွမ်းရည်မြှင့်တင်ရန်နှင့် အမျိုးသား အာကာသအေဂျင်စီတည်ထောင်နိုင်ရေးအတွက် အခြေခံလမ်းခင်းပေးရန်ရည်ရွယ်၍ နိုဝင်ဘာ ၂၄ ရက်တွင် ဆာဘာအယ်လ်ဆာလမ်တက္ကသိုလ်မြို့တော်၌ ကူဝိတ်အမျိုးသားအာကာသသုတေသနစင်တာကို ဖွင့်လှစ်ခဲ့ကြောင်း ကူဝိတ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကူဝိတ်မင်းသား ရှိတ် မီရှယ် အယ်လ်အာမက် အယ်လ်ဂျာဘာ အယ်လ်ဆာဘာက အဆိုပါစင်တာကို ဖွင့်လှစ်ပေးခဲ့ကာ အဆိုပါစင်တာသည် နိုင်ငံ၏သုတေသနစွမ်းရည်မြှင့်တင်ပေးနိုင်ရန်၊ ကျောင်းသားများနှင့် သုတေသီများအတွက် လက်တွေ့လေ့ကျင့်ရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များအကြား အာကာသသိပ္ပံပညာရပ်အပေါ် စိတ်ဝင်စားမှု မြင့်တက်လာစေရန် မျှော်လင့်ကြောင်းပြောကြားကာ  ကူဝိတ်သုတေသီများ၏ သိပ္ပံပညာရပ်ဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံခဲ့ကြောင်း သိရသည်။

ကူဝိတ် သိပ္ပံပညာတိုးတက်ရေးဖောင်ဒေးရှင်းနှင့် ကူဝိတ်တက္ကသိုလ်တို့ ပူးပေါင်းတည်ထောင်သည့် အဆိုပါစင်တာ၏ ဦးစားပေးသုတေသနနယ်ပယ်များတွင် အာကာသရူပဗေဒ၊ ကမ္ဘာမြေနှင့်အခြားဂြိုဟ်များအား လေ့လာခြင်း၊ ဂြိုဟ်တုတည်ဆောက်ခြင်းနှင့်အဝေးထိန်းအာရုံခံနည်းပညာများ ပါဝင်သည်။ ထို့အပြင် အဆိုပါစင်တာသည် ကူဝိတ်နိုင်ငံအတွင်း အာကာသသုတေသနနှင့် အာကာသဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်ရန်၊ နိုင်ငံတကာ အာကာသအစီအစဉ်များနှင့်စီမံကိန်းများတွင် ကူဝိတ်နိုင်ငံ၏ပါဝင်ဆောင်ရွက်မှုကိုညှိနှိုင်းနိုင်ရန်အတွက် ကူဝိတ်အာကာသအေဂျင်စီတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အခြေခံအုတ်မြစ်ချပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

စင်တာ၏အနာဂတ်အစီအစဉ်များတွင် KuwaitSat-2 ဂြိုဟ်တုတည်ဆောက်ခြင်းနှင့် အာကာသသုတေသန လုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာ(AI) နှင့် ဒေတာအချက်အလက်အများအပြားစီမံခန့်ခွဲမှု နည်းပညာများကို အသုံးချခြင်းတို့ ပါဝင်သည်။

ကူဝိတ်နိုင်ငံသည် ၎င်း၏ ပထမဆုံးဂြိုဟ်တုဖြစ်သည့် KuwaitSat-1 ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လွှတ်တင်ခဲ့သည်။ အဆိုပါဂြိုဟ်တုကို ကူဝိတ်သိပ္ပံပညာတိုးတက်ရေးဖောင်ဒေးရှင်း၏ ပံ့ပိုးမှုဖြင့် ကူဝိတ်တက္ကသိုလ် မှ အဖွဲ့တစ်ဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

…………….

(English Version)

Kuwait inaugurates national space research center, paving way for space agency

KUWAIT CITY, Nov. 24 (Xinhua) -- Kuwait on Tuesday inaugurated the Kuwait National Space Research Center at Sabah Al-Salem University City, aiming to strengthen its capabilities in space research and technology and pave the way for the establishment of a national space agency, the Kuwait News Agency reported.

Kuwait's Emir Sheikh Mishal Al-Ahmad Al-Jaber Al-Sabah inaugurated the center and expressed support for the scientific efforts of Kuwaiti researchers, voicing hope that the facility would strengthen national research capabilities, provide practical training opportunities for students and researchers, and foster interest in space sciences among younger generations.

Established through cooperation between the Kuwait Foundation for the Advancement of Sciences and Kuwait University, the center's research priorities include space physics, the study of Earth and other planets, satellite development and remote sensing technologies, and it is expected to lay the groundwork for a Kuwaiti space agency to oversee space research and activities in the country and coordinate Kuwait's participation in international space programs and initiatives, according to the report.

The center's future plans include developing KuwaitSat-2 and applying artificial intelligence and big data technologies to space research.

On Jan. 3, 2023, Kuwait launched its first satellite, KuwaitSat-1, developed by a team from Kuwait University with support from the Kuwait Foundation for the Advancement of Sciences.

Photo caption: Members of Kuwait's national satellite team are seen in the final tests of KuwaitSAT1 in Capital Governorate, Kuwait, July 18, 2022. (Xinhua)