ဇင်ဘာဘွေနိုင်ငံ မာရှိုနာလန်းဝက်စ်ပြည်နယ် ဇဗင်ဘာခရိုင် ဘန်ကက်မြို့ရှိ ကူဝါဇာနာ အထက်တန်းကျောင်း၌ HIV/AIDS တုံ့ပြန်ရေးအစီအစဉ်များ စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုးတိန်း မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ မာရှိုနာလန်းဝက်စ်ပြည်နယ် ဇဗင်ဘာခရိုင် ဘန်ကက်မြို့ရှိ ကူဝါဇာနာ အထက်တန်းကျောင်း၌ HIV/AIDS တုံ့ပြန်ရေးအစီအစဉ်များ စတင်မိတ်ဆက်သည့် အခမ်းအနားတွင် ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုးတိန်း မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာရာရီ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံသည် HIV ကူးစက်မှုဝန်ထုပ်ဝန်ပိုး မြင့်မားသည့် ပြည်နယ်လေးခုတွင် ဆယ်ကျော်သက်မိန်းကလေးများနှင့် အမျိုးသမီးငယ်များအကြား HIV ကူးစက်နှုန်း မြင့်မားခြင်းကို ဖြေရှင်းရန် တရုတ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းကို နိုဝင်ဘာ ၂၄ ရက်က စတင်ခဲ့ပြီး နိုင်ငံ၏ HIV/AIDS ကာကွယ်တုံ့ပြန်ဆောင်ရွက်မှုကို အားကောင်းစေရန် အခြားအစီအစဉ်နှစ်ခုကိုလည်း တွဲဖက်စတင်ခဲ့သည်။

အဆိုပါ စီမံကိန်းကို အနောက်မက်ရှိုနာလန် ပြည်နယ်၊ ဇဗင်ဘာ ခရိုင်၊ ဘန်ကက်မြို့ရှိ ကူဝါဒဇာနာ အထက်တန်းကျောင်း၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် စတင်မိတ်ဆက်ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံအပေါ်ထားရှိသည့် တရုတ်နိုင်ငံ၏ ရေရှည်တည်တံ့သောချစ်ကြည်ရင်းနှီးမှုနှင့် ကူညီပံ့ပိုးမှုအတွက် လေးစားကြောင်း ပြောကြားခဲ့ပြီး တရုတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် HIV အစီအစဉ်သည် နှစ်နိုင်ငံကြား ခိုင်မာသော အပြန်အလှန်မိတ်ဖက်ဆက်ဆံရေးနှင့် ဇင်ဘာဘွေနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာရလဒ်များနှင့် လူထုဖွံ့ဖြိုးတိုးတက်မှု တိုးတက်ကောင်းမွန်လာစေရေးအတွက် အတူတကွထားရှိသည့် ကတိကဝတ်ကို ထင်ဟပ်စေကြောင်း ဇင်ဘာဘွေနိုင်ငံ သမ္မတကတော် အောက်ဇီလီယာ အမ်နန်ဂါဂွာက ပြောကြားခဲ့သည်။

"ဒီ အစီအစဉ်သုံးခုက ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု၊ ကျား၊မ တန်းတူညီမျှမှုနဲ့ ရပ်ရွာလူထု ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို မြှင့်တင်ဆောင်ရွက်သွားမယ့် ကျွန်မတို့ရဲ့ သန္ဓိဌာန်ကို ပြသနေပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၏အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့ရာ ၎င်းတို့သည် ရာသီဥတုဒဏ်ကို မကြာခဏ အများဆုံး ခံစားရလေ့ရှိခြင်းကြောင့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်အစိုးရက ရန်ပုံငွေထောက်ပံ့ပြီး ဇင်ဘာဘွေနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ HIV/AIDS ပူးတွဲအစီအစဉ် (UNAIDS) က အကောင်အထည်ဖော် ဆောင်ရွက်သည့် အဆိုပါ စီမံကိန်းသည် ဇင်ဘာဘွေနိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ HIV/AIDS တုံ့ပြန်ဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် အထိခိုက်အလွယ်ဆုံး လူမှုအသိုင်းအဝိုင်းများ၏ ကျန်းမာရေးနှင့် ကျန်းမာပျော်ရွှင်မှုကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းမှုများတွင် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုးတင်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

ဇင်ဘာဘွေနိုင်ငံ မာရှိုနာလန်းဝက်စ်ပြည်နယ် ဇဗင်ဘာခရိုင် ဘန်ကက်မြို့ရှိ ကူဝါဇာနာ အထက်တန်းကျောင်း၌ HIV/AIDS တုံ့ပြန်ရေးအစီအစဉ်များ စတင်သည့် အခမ်းအနားတွင် ပါဝင်တက်ရောက်သူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဇင်ဘာဘွေနိုင်ငံ မာရှိုနာလန်းဝက်စ်ပြည်နယ် ဇဗင်ဘာခရိုင် ဘန်ကက်မြို့ရှိ ကူဝါဇာနာ အထက်တန်းကျောင်း၌ HIV/AIDS တုံ့ပြန်ရေးအစီအစဉ်များ စတင်သည့် အခမ်းအနားတွင် ပါဝင်တက်ရောက်သူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

Zimbabwe launches China-funded project to combat HIV/AIDS

HARARE, Nov. 24 (Xinhua) -- Zimbabwe on Tuesday launched the Chinese government-funded project on addressing high adolescent girls and young women HIV prevalence in four high-burden provinces, alongside two other initiatives to strengthen the country's HIV/AIDS response.

The project was launched at a ceremony held at Kuwadzana High School in Banket, Zvimba District of Mashonaland West Province.

Zimbabwean first lady Auxillia Mnangagwa paid tribute to China for its enduring friendship and solidarity with Zimbabwe, noting that the Chinese-funded HIV program reflected the strong bilateral partnership between the two countries and a shared commitment to improving health outcomes and community development in Zimbabwe.

"The three initiatives demonstrate our commitment to advancing health development, gender equality and community resilience," she said, also emphasizing the importance of building the capacity of women and girls to respond to climate change so they could enjoy climate-smart livelihoods, as they are often the most affected.

Speaking at the same event, Chinese Ambassador to Zimbabwe Zhou Ding said the project, funded by the Chinese government and implemented by UNAIDS Zimbabwe, marked an important milestone in efforts to bolster Zimbabwe's national HIV/AIDS response and to safeguard the health and wellbeing of its most vulnerable communities.

Photo Caption 1 :This mobile phone photo taken on Nov. 24, 2026 shows Chinese Ambassador to Zimbabwe Zhou Ding speaking at a launch ceremony of HIV/AIDS response initiatives at Kuwadzana High School in Banket, Zvimba District of Mashonaland West Province, Zimbabwe. (Xinhua/Ye Ting)

Photo Caption 2 :This mobile phone photo taken on Nov. 24, 2026 shows people participating in a launch ceremony of HIV/AIDS response initiatives at Kuwadzana High School in Banket, Zvimba District of Mashonaland West Province, Zimbabwe. (Xinhua/Ye Ting)