
ဆန်းကျန့်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့၌ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံအကြီးအကဲများက နှစ်နိုင်ငံ ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု စတင်ကြောင်း အတူတကွ ကြေညာခဲ့သည်။
ရှီကျင့်ဖိန်က လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ၏ မဟာဗျူဟာမြောက်ယုံကြည်မှုများ တစ်နေ့တခြား ခိုင်မြဲလာပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝလာကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အဆင့်သစ်သို့တက်လှမ်းနိုင်ခဲ့ပြီး ကိုယ်စီခေတ်မီအသွင်ပြောင်းမှုကိုမြှင့်တင်ရန် အရေးကြီးသည့်ပံ့ပိုးလုပ်ဆောင်မှုများကို နှစ်နိုင်ငံတစ်တပ်တစ်အား ပြုခဲ့ကြကြောင်း ထောက်ပြခဲ့သည်။
လက်ရှိတွင် နှစ်နိုင်ငံစလုံးက ခေတ်မီအသွင်ပြောင်းမှု တွန်းအားပေးခြင်း၊ နိုင်ငံတော်ရေရှည်တည်ငြိမ်မှု ဖော်ဆောင်ခြင်း၊ ကောင်းမွန်သော ပြင်ပပတ်ဝန်းကျင် ဖန်တီးခြင်း ဟူသည့် ဘုံတာဝန်များနှင့် ရင်ဆိုင်နေရကြောင်း၊ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုနှင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး ဘက်စုံထောင့်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အဆင့်သစ်ဆီသို့ အဆက်မပြတ် တက်လှမ်းနိုင်ရေးအား တွန်းအားပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေပြီး ပြင်ပအန္တရာယ်များအား အတူတကွ ကြိုတင်ကာကွယ်ကာ ကိုင်တွယ်စီမံရမည်ဖြစ်ကြောင်း၊ အာဏာရပါတီ နိုင်ငံရေးရာ စီမံခန့်ခွဲမှု အတွေ့အကြုံများ ဖလှယ်မှုကို မြှင့်တင်ပြီး ကိုယ်စီ၏ စီမံအုပ်ချုပ်မှုစွမ်းရည်ကို တိုးမြှင့်ရမည်ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာအောင် လုပ်ဆောင်ပြီး ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား၊ “နှစ်နိုင်ငံ ဥယျာဉ်နှစ်ခု” စသည့် စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို အမိအရ ဖမ်းဆုပ်၍ စွမ်းအင် သတ္တုတွင်းအရင်းအမြစ်၊ ဉာဏ်ရည်တု (AI)၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သန့်ရှင်းစွမ်းအင် စသည့် ပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစေကာ အပြာရောင်မိတ်ဖက်ဆက်ဆံရေးကို တက်ကြွစွာတည်ဆောက်ပြီး ဘက်စုံထောင့်စုံသော၊ အဆင့်မြင့်မားသော ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်အား ဆောလျင်စွာ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ဆိုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
http://www.news.cn/politics/20261120/8a699dcc68d04ba581ae1e3e1117dfc7/c.html

---------------------
(Chinese Version)
聚焦APEC|习近平会见印度尼西亚总统普拉博沃
新华社深圳11月20日电(记者邵艺博、吴鲁)11月20日上午,国家主席习近平在深圳会见来华出席亚太经合组织领导人非正式会议的印度尼西亚总统普拉博沃,两国元首共同宣布启动两国全面经济伙伴关系协定谈判。
习近平指出,近年来,中国同印度尼西亚战略互信日益牢固,互利合作成果丰硕,命运共同体建设迈上新台阶,为两国推进各自现代化提供了重要助力。当前,两国都面临推进现代化、实现国家长治久安、营造良好外部环境的共同任务,双方要加强战略沟通和团结协作,深化全方位战略合作,推动中印尼命运共同体建设不断迈上新台阶。要夯实政治互信基石,共同防范和应对外部风险,加强执政党治国理政经验交流,提高各自执政能力。要做大互利合作蛋糕,抓好雅万高铁、“两国双园”等大项目合作,深化能矿资源、人工智能、数字经济、清洁能源等合作,积极构建蓝色伙伴关系,早日达成全方位、高水平的全面经济伙伴关系协定。
http://www.news.cn/politics/20261120/8a699dcc68d04ba581ae1e3e1117dfc7/c.html
图说:11月20日上午,国家主席习近平在深圳会见来华出席亚太经合组织领导人非正式会议的印度尼西亚总统普拉博沃。 新华社记者 李响 摄








