
မက်ဒရစ်မြို့၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
၂၀၃၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဘီလ်ဘာအိုနှင့် ဆန်ဆီဘက်စ်တီယန်မြို့တို့ကိုပေါင်းစပ်၍ အိမ်ရှင်မြို့တစ်မြို့တည်းအဖြစ် သတ်မှတ်ပေးရန်တင်ပြထားသည့် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ၏အဆိုပြုချက်ကို ဖီဖာကပယ်ချလိုက်ကြောင်း RFEF ဥက္ကဋ္ဌရာဖေးလ်လူဇန်က နိုဝင်ဘာ ၁၉ ရက်ကပြောကြားခဲ့သည်။
တောင်အမေရိကတိုက်တွင် အဖွင့်ပွဲ ၃ ပွဲကစားခြင်းနှင့်အတူ စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်များအဖြစ်လက်ခံကျင်းပမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘတ်စ်ခ်ဒေသက အက်သလက်တစ်ဘီလ်ဘာအိုအသင်း၏ ဆန်မာမက်စ်ကွင်းနှင့် ရီးရဲလ်ဆိုဆီဒက်အသင်း၏ အေနိုရတ်တာကွင်းတွင် ၂ ပွဲစီ လက်ခံကျင်းပခွင့်ရရန်တင်ပြခဲ့သည်။
မကြာသေးခင်က ဖီဖာစစ်ဆေးရေးအဖွဲ့များ စပိန်နိုင်ငံသို့လာရောက်စစ်ဆေးပြီးနောက် ယင်းပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရေး အဆိုပြုချက်ကိုလက်ခံခဲ့ခြင်းမရှိကြောင်း လိုဇန်ကအတည်ပြုပြောကြားခဲ့သည်။ လက်ရှိတွင် ဆန်မာမက်စ်ကွင်းမှာ ပရိသတ် ၅၃,၃၃၁ ဦးဝင်ဆံ့ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၅၆,၀၀၀ ဦးခန့်အထိဝင်ဆံ့ရေးအတွက် တိုးချဲ့ရန်စီစဥ်ထားပြီး အေနိုရတ်တာကွင်းကိုမူ ပရိသတ် ၄၂,၂၄၇ ဦးခန့်အထိ ဝင်ဆံ့ရန် စီစဥ်ထားကြသည်။
"ဘောလုံးကွင်း ၂ ခုပါဝင်တဲ့ အိမ်ရှင်မြို့တစ်မြို့တည်းအဖြစ် သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ ဖီဖာဘက်က လက်တလောမှာငြင်းဆန်လိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘတ်စ်ခ်ဒေသမှာ အိမ်ရှင်မြို့ ၂ မြို့ ရှိနေလို့ပါပဲ" ဟု လူဇန်က ပြောကြားခဲ့သည်။
"ဒီကိစ္စမှာ ဘယ်လိုအခန်းကဏ္ဍကနေဆောင်ရွက်မလဲဆိုတာကတော့ ဘတ်စ်ခ်ဒေသအစိုးရနဲ့ဆန်ဆီဘက်စ်တီယန်မြို့တော်ဝန်တို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်ပါတယ်"ဟု လူဇန်က စပိန်နိုင်ငံအနောက်မြောက်ပိုင်း၊ ဆန်တီယာဂိုဒီကွန်ပိုစတီလာမြို့၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထပ်လောင်းပြောကြားခဲ့သည်။
ဘီလ်ဘာအိုနှင့်ဆန်ဆီဘက်စ်တီယန်မြို့တို့အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့သော်လည်း အခြားနေရာများတွင် ပြင်ဆင်မှုများကောင်းမွန်စွာတိုးတက်လျက်ရှိနေသည်ဟု လူဇန်က ပြောကြားခဲ့သည်။
"အချိန်ရေတွက်မှု စတင်ပါပြီ။ ကျွန်တော်တို့နိုင်ငံအတွက် အမှတ်ရစရာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာစေဖို့ ဒီလိုကြီးမားတဲ့နိုင်ငံလုံးဆိုင်ရာစီမံကိန်းကို အားလုံးပူးပေါင်းပြီး အကောင်အထည်ဖော်ရမယ့်အချိန်ရောက်ပါပြီ" ဟု လူဇန်က ပြောကြားခဲ့သည်။ (Xinhua)
.............................................
(English version)
FIFA rejects Bilbao-San Sebastian joint-host proposal for 2030 World Cup
MADRID, Nov. 19 (Xinhua) Spanish Football Federation (RFEF) president Rafael Louzan said on Thursday that FIFA has rejected a proposal to combine Bilbao and San Sebastian into a single host city for the 2030 World Cup.
The Basque bid had sought to have Athletic Club's San Mames Stadium and Real Sociedad's Anoeta Stadium each host two matches during the tournament, which will be staged across Spain, Portugal and Morocco, with three opening matches in South America.
Following recent visits by FIFA inspectors to Spain, Louzan confirmed the joint-host proposal was not accepted. San Mames currently holds 53,331 spectators and is expected to expand to about 56,000 by 2030; Anoeta's capacity is projected to increase to around 42,247.
"A single host city with two stadiums was requested, and FIFA, at this moment, says no: there are two host cities in the Basque Country," said Louzan.
"It is up to the Basque government and the Mayor of San Sebastian to decide what role they want to play here," he added at an event in Santiago de Compostela, in northwestern Spain.
Despite the setback for Bilbao and San Sebastian, Louzan said preparations elsewhere were progressing well.
"The countdown has begun; now it is time to consolidate this great national project we have so that it becomes a memorable World Cup for our country," he said. ■
Photo caption: Team Spain celebrate during the awarding ceremony after the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Li Ming)






6ad124a345e91c3686d3ff5728c1bc95c86699df.article_card.avif)

