၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတွင် စကားပြောကြားနေသည့် ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပွဲမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် သီးသန့်အင်တာဗျူးတွင် စကားပြောကြားနေသည့် ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

လာမည့်နှစ်တွင်ကျင်းပမည့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားလာသည်ဟု ဖီဖာကနိုဝင်ဘာ ၁၉ ရက်ကကြေညာခဲ့ပြီး အဆိုပါကိုယ်စားလှယ်လောင်းများမှာ လက်ရှိဖီဖာဥက္ကဋ္ဌ ဂီယန်နီအင်ဖန်တီနို၊ လက်ရှိပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖီးလစ်ပီဒီယာလိုနှင့် ဂျပန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ခိုဇိုတာရှီမာတို့ဖြစ်သည်။

ဖီဖာကောင်စီသည် ဥက္ကဋ္ဌရာထူးအတွက် ကိုယ်စားလှယ်လောင်းများလျှောက်ထားရန် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်က ဖိတ်ခေါ်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်၊ မတ် ၁၈ ရက်တွင် မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့၌ကျင်းပမည့် ၇၇ ကြိမ်မြောက် ဖီဖာကွန်ဂရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

တင်သွင်းလာသော ကိုယ်စားလှယ်လောင်းလျှောက်လွှာများကို ဖီဖာရွေးကောက်ပွဲဆိုင်ရာကော်မတီထံသို့ပေးပို့ထားပြီး ၎င်းတို့က ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိကို စီစစ်ဆုံးဖြတ်ပေးမည်ဖြစ်သည်။ အဆိုပြုခံထားရပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းကို ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နောက်ဆုံးထား၍ ဖီဖာအဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်များထံသို့ အသိပေးအကြောင်းကြားမည်ဖြစ်သည်။ (Xinhua)

...............................................

(English version)

FIFA announces three candidatures for presidential election

GENEVA, Nov. 19 (Xinhua) -- FIFA announced Thursday it has received three candidatures for next year's presidential election, including current FIFA President Gianni Infantino, current French Football Federation President Philippe Diallo and former Japan Football Association President Kohzo Tashima.

The FIFA Council issued the call for presidential candidates on April 29, 2026. The election will take place at the 77th FIFA Congress in Rabat, Morocco, on March 18, 2027.

The submitted candidatures have been forwarded to FIFA's electoral committee for review and a decision on candidate admission. Member associations will be notified of the names of proposed and admitted candidates no later than February 18, 2027. ■

Photo caption: FIFA President Gianni Infantino speaks in an exclusive interview with Xinhua ahead of the 2022 FIFA World Cup in Bali, Indonesia, on Nov. 15, 2022. (Xinhua/Wang Yiliang)