
ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမြန်ရွှေ့ကမ္ဘာ့စစ်တုရင် ချန်ပီယံဟောင်း ရုရှားကစားသမား ဒနီယေးလ် ဒူးဘော့ဗ်သည် နိုဝင်ဘာလ ၁၈ ရက်က ကျင်းပခဲ့သည့် ဂျေရုဆလမ်အိုးပင်း အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲ၌ အများဆုံးရရှိနိုင်သည့် ရမှတ် ၉ မှတ်အနက် ၈ မှတ်ရရှိကာ အနိုင်ရဗိုလ်စွဲသွားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၃၄ ခုမှ ကစားသမား ၄၄၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသက် ၃၀ နှစ်အရွယ် ဂရင်းမာစတာက ဥရောပစံချိန်မီ စစ်တုရင်ချန်ပီယံဟောင်းဖြစ်သူ ဆားဘီးယားကစားသမား Alexey Sarana ကို အနိုင်ရလဒ်တူညီနေချိန်တွင် အဆုံးအဖြတ်ပေးသည့် စည်းမျဉ်း အရ အနိုင်ရရှိကာ ပထမနေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးအဆင့်ပွဲစဉ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသူ နှစ်ဦးသည် အကွက် ၁၁ ကွက်သာ ရွှေ့ပြီးနောက် သရေပွဲအဖြစ် သဘောတူခဲ့ကြသည်။ ထိုရလဒ်ကြောင့် ၎င်းတို့နှစ်ဦးစလုံးသည် လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ကျင်းပမည့် ၄ ရက်ကြာ ဂျေရုဆလမ်မာစတာ အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ကြသည်။ ယင်းပြိုင်ပွဲ၌ ထိပ်တန်းဂရင်းမာစတာ ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ချီးမြှင့်သွားမည် ဖြစ်သည်။
ထိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတည်ပြုပြီးဖြစ်သည့် ဂရင်းမာစတာ ၁၀ ဦးစာရင်း၌ လက်ရှိ အမြန်ရွှေ့ကမ္ဘာ့စစ်တုရင် အဆင့် ၃ နေရာတွင် ရပ်တည်နေသော ရုရှားကစားသမား အီယန် နီပွန်မီရှီ နှင့် လက်ရှိချန်ပီယံဖြစ်သူ အိန္ဒိယကစားသမား အာရ်ဂျွန်း အယ်ရီဂေစီ တို့ ပါဝင်လျက်ရှိသည်။
ထို့ပြင် ကမ္ဘာ့စစ်တုရင်ချန်ပီယံဟောင်း ယူကရိန်းကစားသမား Ruslan Ponomariov သည် ရမှတ် ၇.၅ မှတ်ဖြင့် တတိယနေရာ ရရှိခဲ့သည်။ ၎င်းသည် ရမှတ်ချင်းတူညီနေသည့် အခြားကစားသမား ၉ ဦးထက် အနိုင်ရလဒ် တူညီနေချိန်တွင် အဆုံးအဖြတ်ပေးသည့် စည်းမျဉ်းအရ သာလွန်ခဲ့သောကြောင့် ယခုကဲ့သို့ တတိယနေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
…………………
(English version)
Russia's Daniil Dubov wins Jerusalem Open chess tournament
JERUSALEM, Nov. 19 (Xinhua) -- Former world rapid chess champion Daniil Dubov of Russia claimed victory at the Jerusalem Open rapid chess tournament on Wednesday, scoring eight points out of a possible nine.
The tournament attracted 446 players from 34 countries and regions, with the 30-year-old grandmaster taking first place on tiebreaks ahead of Serbia's grandmaster Alexey Sarana, a former European classical chess champion.
The two leaders faced each other in the final round and agreed to a draw after just 11 moves, thereby securing their places in the four-day Jerusalem Masters rapid chess tournament, which starts Monday. It will bring together 12 top grandmasters and offer a total prize of 250,000 U.S. dollars.
Among the 10 grandmasters whose participation had already been confirmed are Russia's Ian Nepomniachtchi, currently ranked third in the world in rapid chess, and India's Arjun Erigaisi, the defending champion.
Ukraine's Ruslan Ponomariov, a former FIDE world chess champion, finished third with 7.5 points. He claimed the position on tiebreaks, finishing ahead of nine other players with the same score. ■








