
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ရေးဆင်းဆန်တန်ဒါအသင်းဂိုးသမား ဂျူလန်အာဂီရီဇာဘာလာသည် ယခုရာသီလာလီဂါပြိုင်ပွဲတွင် အခြားဂိုးသမားများထက် ဂိုးပေးရမှုပိုများသော်လည်း ဂိုးကာကွယ်မှုအများဆုံးစာရင်း၌ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
ရေးဆင်းဆန်တန်ဒါအသင်းသည် လိဂ်ပွဲစဉ် ၁၂ ပွဲကစားပြီးချိန်တွင် ဂိုး ၃၀ ပေးထားရသည်။ ရီးရဲလ်ဘက်တစ်အသင်းဂိုးသမား အယ်လ်ဗာရို ဗယ်လက်စ်တစ်ယောက်သာ ဂိုးကာကွယ်မှု ၄၈ ကြိမ်ဖြင့် အာဂီရီဇာဘာလာ၏ကာကွယ်မှု ၄၇ ကြိမ်ထက် တစ်ကြိမ်ပိုသာလျက်ရှိသည်။
အသက် ၂၅ နှစ်အရွယ် ဂိုးသမား ဂျူလန်အာဂီရီဇာဘာလာ၏စွမ်းဆောင်ရည်များကြောင့် စပိန်လက်ရွေးစင်အသင်းတွင်ရွေးချယ်ခံရနိုင်သည် ဟူသော ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။ အာဂီရီဇာဘာလာသည် အသက် ၂၁ နှစ်အောက် လက်ရွေးစင်အသင်းတွင် စပိန်နည်းပြ လူးဝစ်စ်ဒယ်လာဖွန်တေးနှင့် လက်တွဲခဲ့ဖူးသော်လည်း ၎င်း၏ဦးစားပေးမှုမှာ ကလပ်အသင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ရေးဆင်းအသင်းအပေါ်မှာပဲ တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်လုပ်ဆောင်ဖို့ ကျွန်တော် အာရုံစိုက်ထားပါတယ် " ဟု ၎င်းက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး စပိန်လက်ရွေးစင်အသင်းတွင် ရွေးချယ်စရာဂိုးသမားများစွာရှိကြောင်း ထောက်ပြပြောဆိုခဲ့သည်။
"အံ့မခန်းလက်စွမ်းပြနေတဲ့ဂိုးသမားတွေ အများကြီး ရှိပါတယ်။ အယ်လ်ဗာရိုဗယ်လက်စ်လည်း အဲဒီထဲမှာပါဝင်ပြီး တခြားရှိနေတဲ့ဂိုးသမားတွေရဲ့အရည်အသွေးကလည်း အရမ်းမြင့်မားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာဖို့နဲ့ အသင်းကိုအတတ်နိုင်ဆုံး ကူညီပေးနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။
အာဂီရီဇာဘာလာသည် ၂၀၂၄ ခုနှစ် အက်သလက်တစ်ဘီလ်ဘာအိုအသင်း၏ ကိုပါဒယ်ရေးဖလားရရှိမှုတွင် အဓိကနေရာမှပါဝင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီက ဗလင်စီယာအသင်းသို့ အငှားဖြင့်သွားရောက်ကစားခဲ့ရာ ရာသီအလယ်ပိုင်းတွင်ဒဏ်ရာရရှိခဲ့သည်။ အက်သလက်တစ်ဘီလ်ဘာအိုအသင်းတွင် စပိန်လက်ရွေးစင်အသင်း၏ပထမဦးစားပေးဂိုးသမား ယူနိုင်းဆီမွန်၏နောက်၌ ပွဲထွက်ခွင့်နည်းပါးခဲ့ပြီးနောက် ယခုနွေရာသီတွင် လာလီဂါတန်းတက်အသင်းသစ် ရေးဆင်းဆန်တန်ဒါသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
"ရေးဆင်းအသင်းနဲ့ ကစားရတဲ့ပွဲတိုင်းက ကျွန်တော့်အတွက် ထူးခြားပါတယ်။ စရောက်တဲ့ပထမဆုံးနေ့ကတည်းက ဂိုးသမားတစ်ယောက်အနေနဲ့ ပိုတိုးတက်လာဖို့နဲ့ အသင်းကိုကူညီဖို့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာပါ" ဟု ၎င်းက ပြောဆိုသည်။
အာဂီရီဇာဘာလာက ရေးဆင်းအသင်း၏ ခံစစ်မှတ်တမ်းသည် အသင်း၏ကစားဟန်နှင့်ဆက်စပ်နေကြောင်း ပြောကြားခဲ့ပြီး အသင်းအနေဖြင့် "စွန့်စားမှုတွေ ပြုလုပ်ကစားတာကြောင့် ပြိုင်ဘက်က အခွင့်အရေးဖန်တီး နိုင်မှာဖြစ်သလို ကျွန်တော်တို့ဘက်ကလည်း ဂိုးတွေပေးရမှာပါပဲ" ဟု ဆိုသည်။
"ကျွန်တော်တို့က ခံစစ်ကြောင်းကို ရှေ့တိုးပြီးကစားတာကြောင့် ဂိုးသမားအနေနဲ့ မိနစ် ၉၀ လုံး အာရုံစူးစိုက်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ပြိုင်ဘက်ရဲ့ကစားကွက်တွေကိုကြိုတင်ခန့်မှန်းဖို့ ဝေဟင်ဘောလုံးတွေကိုရှင်းထုတ်တာနဲ့ လိုအပ်သမျှလုပ်ဆောင်နိုင်ဖို့လိုပါတယ်။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ဆိုရင်လည်း ခြေထောက်နဲ့ဘောလုံးထိန်းချုပ်ပေးပို့ကစားနိုင်ခြင်းကနေလည်း အသင်းအတွက် အပိုအားသာချက်တစ်ခုဖြစ်စေဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
Racing Santander goalkeeer Agirrezabala focused on helping club rather than Spain call-up
MADRID, Nov. 18 (Xinhua) -- Racing Santander goalkeeper Julen Agirrezabala ranks second in La Liga for saves despite conceding more goals than any other goalkeeper in the division this season.
Racing has conceded 30 goals in its first 12 league matches. Only Real Betis goalkeeper Alvaro Valles, with 48 saves, has made more than Agirrezabala's 47.
The 25-year-old's performances have prompted speculation about a Spain call-up. Agirrezabala worked with Spain coach Luis de la Fuente at under-21 level but said his priority was his club.
"I'm focused on Racing, on improving day by day," he said on Wednesday, pointing to the depth of Spain's goalkeeping options.
"There are so many goalkeepers doing an incredible job. Alvaro Valles has also made that list, and with the others who are there, I think the level of goalkeepers is very high. I focus on trying to improve day by day and trying to help the team as much as possible," he said.
Agirrezabala played a key role in Athletic Bilbao's 2024 Copa del Rey triumph and spent last season on loan at Valencia, where he suffered an injury midway through the campaign. He joined newly promoted Racing Santander in the summer after finding his chances limited at Athletic behind Spain's first-choice goalkeeper Unai Simon.
"Every game I play with Racing is special... From day one, I came with the aim of improving as a goalkeeper and trying to help the team," he said.
Agirrezabala linked Racing's defensive record to its style of play, saying the team "takes risks, and opponents are going to create chances, and we are going to concede goals."
"We play with a high defensive line, and it's very important for the goalkeeper to stay concentrated for all 90 minutes, trying to anticipate plays, deal with aerial balls and do whatever is needed, as well as being able to give the team that extra edge with the ball at my feet."
Photo caption: FC Barcelona's Gabriel Jesus celebrates after scoring during the La Liga football match between FC Barcelona and Racing Santander in Barcelona, Spain, on Sept. 16, 2026. (Photo by Joan Gosa/Xinhua)








