မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာ မော်တော်ကားပြပွဲအတွင်း BYD ကုမ္ပဏီပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာ မော်တော်ကားပြပွဲအတွင်း BYD ကုမ္ပဏီပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်းအသွင်ပြောင်းရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသုံးဝင်လှသော အတုယူဖွယ်ရာများ ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ ဝါရင့်အကြံပေးအဖွဲ့ဝင် ‌ဒေါက်တာနိုင်ဆွေဦးက လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများအား ၎င်းတို့၏ အတွေ့အကြုံပေါ်အခြေခံ၍ မည်သို့မည်ပုံ လေ့လာပြီး နိုင်ငံတိုင်း ကိုယ်စီ နောက်ခံအခြေအနေများအလိုက် ဆက်စပ်သင်ခန်းစာများ ကျင့်သုံးနိုင်မည် ဆိုသည်ကို ဖော်ပြလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနနှင့် နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်အလုပ်အကိုင်ဖန်တီး‌ပေးရေး၊ စံပြကျေးရွာများနှင့် မြို့များ ဖော်ထုတ်ရေး၊ စက်မှုလုပ်ငန်းနှင့် နည်းပညာမြင့် အချက်အချာနေရာများ တည်ဆောက်ရေး စသည့် လုပ်ဆောင်မှုကိုလည်း ၎င်းက အလေးထားပြောခဲ့သည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများက လူနေမှုအဆင့်အတန်းများမြင့်မားရေးနှင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် ဖော်ဆောင်လုပ်ကိုင်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စံနမူနာများလည်း ဖြစ်သည်။

ကုန်သွယ်မှုကဏ္ဍတွင် ကြည့်ပါက မြန်မာနိုင်ငံအတွက် အရေးပါသော အတုယူဖွယ်ရာမှာ ယခင်က စက်မှုကုန်ကြမ်းများနှင့် တစ်ပိုင်းတစ်စထုတ်လုပ်ပြီးကုန်စည်များ (semi-finished goods) ကိုသာ တင်ပို့နေခဲ့ရာမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုခိုင်မာအားကောင်းသောရပ်တည်မှုကို သေချာအောင်လုပ်ဆောင်ရေး စသည်တို့ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ထို့ပြင် ဒေါက်တာနိုင်ဆွေဦးက လူ့စွမ်းအားအရင်းအမြစ်၏ အရေးပါပုံကိုလည်း အလေးထားပြောကြားခဲ့သလို မြန်မာနိုင်ငံအနေဖြင့် အရည်အချင်းပြည့်ဝသော လူရည်ချွန်မွေးထုတ်ပျိုးထောင်ရေးနှင့် နည်းပညာစွမ်းပကားများ မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုများ ပိုမိုရရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာ မော်တော်ကားပြပွဲအတွင်း Hongqi ကုမ္ပဏီပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာ နိုင်ငံတကာ မော်တော်ကားပြပွဲအတွင်း Hongqi ကုမ္ပဏီပြခန်းသို့ လာရောက်လေ့လာသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………

(English Version)

China's development experience offers valuable lessons for developing countries, says Myanmar expert

YANGON, Nov. 15 (Xinhua) -- China's experience in poverty reduction, rural development, industrialization and technological advancement offers useful lessons for developing countries, a Myanmar expert has said.

Naing Swe Oo, a senior advisory board member of the Myanmar Institute of Strategic and International Studies, told Xinhua during an interview on Saturday that China's rapid development over the past decades demonstrates how developing countries can draw on its experience and adapt relevant lessons to their own national contexts.

He highlighted China's work in poverty alleviation, rural job creation, the development of model villages and towns, and the building of industrial and high tech hubs. These endeavours serve as examples for developing countries seeking to lift living standards and bolster their economies.

On trade, he noted that a key lesson for Myanmar is to move past exports of raw materials and semi finished goods, develop higher value added products, and secure a stronger position within global supply chains.

Naing Swe Oo also underscored the importance of human resource development, noting that Myanmar should pursue more scholarship opportunities at Chinese universities to cultivate skilled talent and boost its technological capabilities.

Photo caption 1: People visit the booth of BYD during the Myanmar International Auto Expo 2025 in Yangon, Myanmar, July 18, 2025. (Xinhua/Myo Kyaw Soe)

Photo caption 2: People visit the booth of Hongqi at the Myanmar Auto & Parts Expo 2025 in Yangon, Myanmar, Sept. 12, 2025. The expo kicked off here on Friday. (Xinhua/Myo Kyaw Soe)