အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ရှိ Nvidia ရုံးချုပ်အဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့ရှိ Nvidia ရုံးချုပ်အဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

Nvidia ၏ အမှုဆောင်အရာရှိချုပ် Jensen Huang နုတ်ထွက်မှုကြောင့် ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ အရောင်းအဝယ်အပေါ် ယုံကြည်မှု လျော့ကျခဲ့သဖြင့် အမေရိကန်စတော့ရှယ်ယာဈေးကွက်သည် နိုဝင်ဘာ ၁၂ ရက်တွင် အနည်းငယ်ကျဆင်းခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

Dow Jones စက်မှုလုပ်ငန်း ပျမ်းမျှညွှန်းကိန်းသည် ၁၈၉.၄ မှတ် သို့မဟုတ် ၀.၃၆ ရာခိုင်နှုန်း ကျဆင်းကာ ၅၂,၂၉၇.၀၉ မှတ်သို့ ကျဆင်းခဲ့သည်။ S&P ၅၀၀ ညွှန်းကိန်းသည် ၂၆.၉၈ မှတ် သို့မဟုတ် ၀.၃၅ ရာခိုင်နှုန်း ကျဆင်းကာ ၇,၅၉၂.၄ မှတ်သို့ ရောက်ရှိခဲ့သည်။ Nasdaq ပေါင်းစပ်ညွှန်းကိန်းသည် ၁၀၀.၁ မှတ် သို့မဟုတ် ၀.၃၉ ရာခိုင်နှုန်း ကျဆင်းကာ ၂၅,၃၆၆.၀၉ မှတ်သို့ ထိုးကျခဲ့သည်။

Nvidia က Huang သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ အမှုဆောင်အရာရှိချုပ်နှင့် ဒါရိုက်တာအဖွဲ့ဝင်ရာထူးများမှ ချက်ချင်းအကျိုးသက်ရောက်မှုဖြင့် နုတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဘဏ္ဍာရေးအရာရှိချုပ် Colette Kress ကို ယာယီ အမှုဆောင်အရာရှိချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ Nvidia ၏ ရှယ်ယာဈေးနှုန်းသည် ၄.၃၄ ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ ၁၆၆.၁၉ ဖြင့် ဈေးပိတ်ခဲ့ပြီး အဖွင့်ဈေးတွင် ၁၄ ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည်။ Nvidia သည် လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် သုံးလပတ်ဘဏ္ဍာရေးရလဒ်များကို ထုတ်ပြန်ရမည်ဖြစ်သည်။

ချိ(ပ်)ပြားထုတ်လုပ်သည့် ကုမ္ပဏီတိုင်း Nvidia နှင့်အတူ ရှယ်ယာဈေးကျဆင်းခဲ့ခြင်း မရှိပေ။ Advanced Micro Devices (AMD) ၏ ရှယ်ယာဈေးသည် ၅.၈၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Broadcom ၏ ရှယ်ယာဈေးသည် ၅.၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများသည် AI လုပ်ငန်း၏ အကြီးမားဆုံး ချိ(ပ်)ပြား ဖြန့်ဖြူးပေးသူ ပေးသွင်းသည့် အဆိုပါ ကုမ္ပဏီတွင် ဖြစ်ပေါ်နေသည့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှ အကျိုးအမြတ်ရရှိနိုင်မည့် ကုမ္ပဏီများကို ရှာဖွေနေကြခြင်းဖြစ်သည်။

Argent Capital Management မှ ရင်းနှီးမြှုပ်နှံမှုအစု စီမံခန့်ခွဲသူ Jed Ellerbroek က “Nvidia ကုမ္ပဏီတစ်ခုတည်းရဲ့ ကံကြမ္မာက တစ်ပိုင်းတစ်စကိစ္စဖြစ်ပေမဲ့ ဒီ AI တော်လှန်ရေးက အဲဒီထက် အများကြီး ပိုကြီးပါတယ်။ Nvidia ရဲ့ အောင်မြင်မှုကျဆင်းပြီး သူတို့ရဲ့ ချိ(ပ်)ပြားတွေက အကောင်းဆုံး မဟုတ်တော့ဘဲ AMD ရဲ့ ချိ(ပ်)ပြားတွေ ဒါမှမဟုတ် Google ရဲ့ ချိ(ပ်)ပြားတွေက ပိုကောင်းလာရင် လူတွေက အဲဒီဘက်ကို ပြောင်းပြီး ဝယ်ယူကြမှာပါ။ ချိ(ပ်)ပြားတွေအပေါ် ဝယ်လိုအားက လျော့ကျသွားမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ကုန်သည်များသည် ဒီဇင်ဘာလတွင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်နိုင်မည့် အလားအလာကို ဆက်လက်တွက်ချက်နေကြပြီး ဈေးကွက်တွင် အတိုးနှုန်း ၀.၂၅ ရာခိုင်နှုန်းမှတ် မြှင့်တင်နိုင်ခြေကို ၉၁ ရာခိုင်နှုန်းခန့်အထိ သတ်မှတ်ထားသည်။

၁၀ နှစ်သက်တမ်း အမေရိကန်ငွေတိုက်စာချုပ် အတိုးနှုန်းသည် ၅.၁ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။ အမေရိကန်စစ်မှုထမ်းဟောင်းများနေ့အတွက် ငွေတိုက်စာချုပ်ဈေးကွက် ပိတ်ရက်မတိုင်မီ နိုဝင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် ၄.၉၈ ရာခိုင်နှုန်းဖြင့် ပိတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်၏ လူမှုမီဒီယာပေါ်မှ ရေးသားချက်ကြောင့် အီရန်နှင့် မကြာမီ သဘောတူညီချက်ရရှိနိုင်မည့် အလားအလာ အားနည်းမှေးမှိန်သွားသဖြင့် ရေနံဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်ခဲ့သည်။ West Texas Intermediate (WTI) ရေနံစိမ်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈.၇၄ ဖြင့် ဈေးပိတ်ခဲ့ပြီး ၂.၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဘရန့်ရေနံစိမ်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၅.၈၂ ဖြင့် ပိတ်ခဲ့ပြီး ၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

AI Cloud ကုမ္ပဏီ Nebius ၏ သုံးလပတ်အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ကုမ္ပဏီ၏ ဝင်ငွေသည် ယမန်နှစ်အလားတူကာလထက် သိသိသာသာ မြင့်တက်ခဲ့သော်လည်း ရှယ်ယာဈေးနှုန်း ၁၆.၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်ကုန်စည်ပြပွဲ (CISCE) ဖွင့်ပွဲအခမ်းအနားတွင် Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက်ကုန်စည်ပြပွဲ (CISCE) ဖွင့်ပွဲအခမ်းအနားတွင် Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

U.S. stocks close lower as Nvidia CEO exit rattles AI trade

NEW YORK, Nov. 12 (Xinhua) -- U.S. stocks ended slightly lower Thursday as the resignation of Nvidia CEO Jensen Huang shook confidence in the artificial intelligence trade.

The Dow Jones Industrial Average fell 189.4 points, or 0.36 percent, to 52,297.09. The S&P 500 lost 26.98 points, or 0.35 percent, to 7,592.4. The Nasdaq Composite Index dropped 100.1 points, or 0.39 percent, to 25,366.09.

Nvidia announced that Huang had resigned as president, CEO and board member, effective immediately, and named chief financial officer Colette Kress as interim CEO. Nvidia fell 4.34 percent to 166.19 U.S. dollars, after plunging as much as 14 percent at the open. Nvidia is due to report quarterly results next Tuesday.

Not every chip stock followed Nvidia lower. Advanced Micro Devices rose 5.86 percent and Broadcom gained 5.54 percent, respectively, as investors looked for beneficiaries of the leadership turmoil at the AI industry's biggest supplier.

"Nvidia's fate as one company is one thing, but this AI revolution is way bigger than that," said Jed Ellerbroek, portfolio manager at Argent Capital Management. "If Nvidia falls from grace and their chips are no longer the best, and AMDs are better or Google's are better, then people will switch over and buy them. The demand for the chips is not going down."

Traders continued to price in a Federal Reserve rate hike in December, with markets putting the chance of a quarter-point move at about 91 percent.

The yield on the 10-year Treasury note rose to 5.1 percent, after closing at 4.98 percent late Tuesday prior to the Veterans Day bond market holiday. Oil prices jumped as U.S. President Trump's post on social media dampened prospects on a deal with Iran any time soon. West Texas Intermediate settled at 88.74 dollars a barrel, up 2.55 percent, while Brent crude settled at 95.82 dollars a barrel, up 3.3 percent.

AI cloud company Nebius fell 16.84 percent after its quarterly report, despite revenue rising sharply from a year earlier.

Photo Caption 1 :This undated photo shows an exterior view of the NVIDIA headquarters in Santa Clara, California, the United States. (Xinhua)

Photo Caption 2 :Nvidia CEO Jensen Huang delivers a speech at the opening ceremony of the third China International Supply Chain Expo (CISCE) in Beijing, capital of China, July 16, 2025. (Xinhua/Jin Liwang)