
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်ပြိုင်ပွဲများတွင် ၂၀၂၆ ခုနှစ်အတွင်း ပွဲကြည့်ပရိသတ်အရေအတွက် သိသိသာသာ တိုးတက်လာခဲ့ပြီး တရုတ်စူပါလိဂ်ပြိုင်ပွဲ၌ ကြည့်ရှုသူပရိသတ် ၇.၀၉၆ သန်းအထိ ရှိခဲ့ကာ စံချိန်သစ်တင်ခဲ့ကြောင်း၊ လူငယ်ကစားသမားများ၏ ပါဝင်ပံ့ပိုးမှုမှာလည်း ပိုမိုအရေးပါလာကြောင်း လိဂ်တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်စူပါလိဂ်ပြိုင်ပွဲတွင် တစ်ပွဲလျှင် ပျမ်းမျှကြည့်ရှုသူပရိသတ် ၂၉,၅၆၇ ဦး ရှိခဲ့ပြီး ယခင်ရာသီထက် ၁၄.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် ဒုတိယဥက္ကဋ္ဌ ယန်ရွှိက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဧပြီလတွင် ကျင်းပခဲ့သည့် အဋ္ဌမအကျော့ ပွဲစဉ်များကို ကြည့်ရှုသူပရိသတ် ၃၀၇,၀၀၀ ကျော် လာရောက်အားပေးခဲ့ကြပြီး တစ်ကျော့အတွင်း ပွဲကြည့်ပရိသတ်အရေအတွက် စံချိန်သစ်တင်နိုင်ခဲ့သည်။ ထို့ပြင် တတိယအကျော့တွင် ပေကျင်းကော်အန်းအသင်းနှင့် ရှန်ဟိုင်းရှန်းဟွာအသင်းတို့၏ ထိပ်တိုက်ရင်ဆိုင် ယှဉ်ပြိုင်ကစားမှုကို Workers အားကစားကွင်း၌ ပရိသတ် ၆၄,၁၁၈ ဦး လာရောက်ကြည့်ရှုခဲ့ကြပြီး ယင်းအရေအတွက်မှာ တရုတ်စူပါလိဂ်သမိုင်းတစ်လျှောက် ဒုတိယအများဆုံး ပွဲကြည့်ပရိသတ်အရေအတွက် ဖြစ်ခဲ့သည်။
အောက်တန်းလိဂ်ပြိုင်ပွဲများတွင်လည်း ပွဲကြည့်ပရိသတ်အရေအတွက် မြင့်တက်လာခဲ့သည်။ ဒုတိယတန်း တရုတ်လိဂ်ဝမ်းပြိုင်ပွဲတွင် ကြည့်ရှုသူပရိသတ် ၂.၁၉၄ သန်းအထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၅.၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ လိဂ်တူးပြိုင်ပွဲတွင်လည်း ပရိသတ် ၅၃၅,၀၀၀ လာရောက်ကြည့်ရှုခဲ့ကြသည်။ အမျိုးသား ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် သုံးတန်းစလုံး၏ စုစုပေါင်းပွဲကြည့်ပရိသတ်အရေအတွက်မှာ ၉.၈ သန်းကျော်ရှိခဲ့ပြီး ယင်းတွင် တရုတ်စူပါလိဂ်ပြိုင်ပွဲသို့ လာရောက်အားပေးခဲ့သည့် အဝေးကွင်းအသင်းပရိသတ် ၂၃၈,၈၁၀ ဦးလည်း ပါဝင်ခဲ့သည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင်လည်း ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့သည်။ အမျိုးသမီးစူပါလိဂ် ရာသီအဖွင့်ပွဲစဉ်ကို ကြည့်ရှုသူပရိသတ် ၂၄,၁၉၃ ဦးအထိ လာရောက်ခဲ့ပြီး ပြည်တွင်း အမျိုးသမီးကြေးစားလိဂ်ပြိုင်ပွဲတစ်ပွဲအတွက် ပရိသတ်အရေအတွက် စံချိန်တင်ခဲ့သည်။ ပြိုင်ပွဲ ၁၄ ကျော့အပြီး စုစုပေါင်းပွဲကြည့်ပရိသတ်အရေအတွက်မှာ ၂၉၈,၅၀၀ ဦးအထိ ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၄.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ထို့ပြင် လူငယ်ကစားသမားများအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် အခွင့်အလမ်းများ ပိုမိုရရှိလာကြောင်း ယန်ရွှိက ထောက်ပြပြောကြားခဲ့သည်။ အမျိုးသားလိဂ် သုံးတန်းစလုံးတွင် အသက် ၂၁ နှစ်အောက် ကစားသမား ၅၈၀ ဦး မှတ်ပုံတင်ထားပြီး ယင်းအရေအတွက်သည် ပြည်တွင်းကစားသမား မှတ်ပုံတင်ထားမှု စုစုပေါင်း၏ ၃၄.၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ထက် ၅.၁ ရာခိုင်နှုန်းပွိုင့် တိုးတက်လာခဲ့သည်။
တရုတ်စူပါလိဂ်တွင် အသက် ၂၁ နှစ်အောက် ကစားသမား မှတ်ပုံတင်မှု ၁၂.၇ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ၎င်းတို့၏ ကစားချိန်မှာ ၄၂.၉ ရာခိုင်နှုန်း တိုးလာကာ သွင်းဂိုးအရေအတွက်မှာလည်း ၃၁.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
လိဂ်တူးပြိုင်ပွဲတွင် အသက် ၂၁ နှစ်အောက် ကစားသမား ၃၂၀ ဦး ပါဝင်ခဲ့ပြီး ယင်းအရေအတွက်သည် မှတ်ပုံတင်ထားသည့် ကစားသမားစုစုပေါင်း၏ ၄၅.၁ ရာခိုင်နှုန်းရှိသည်။ ၎င်းတို့သည် စုစုပေါင်း ၂၅၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ယင်းမှာ လိဂ်တူးပြိုင်ပွဲ၏ သွင်းဂိုးစုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ဖြစ်သည်။
“လူငယ်ကစားသမားတွေဟာ ကြေးစားလိဂ်ပြိုင်ပွဲတွေကနေတစ်ဆင့် သူတို့ရဲ့ စွမ်းရည်တွေကို ပိုမိုလျင်မြန်စွာ တိုးတက်အောင် လုပ်ဆောင်လာနိုင်ကြပါတယ်။ ထူးချွန်တဲ့ လူငယ်ကစားသမားတစ်စုလည်း ပေါ်ထွက်လာပြီး အဆင့်အမျိုးမျိုးရှိ အမျိုးသားလက်ရွေးစင်အသင်းတွေမှာ ပါဝင်လာကြပါတယ်။ ဒါဟာ ဘောလုံးအားကစားအတွက် လူငယ်စွမ်းရည်သစ်တွေ မွေးထုတ်ပေးနိုင်မယ့် အင်အားကို အစဉ်တစိုက် ခိုင်မာအားကောင်းလာစေပါတယ်” ဟု ယန်ရွှိက ပြောကြားခဲ့သည်။
ယင်းတိုးတက်မှုသည် အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင်လည်း တွေ့မြင်ရပြီး ဒုတိယတန်း အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသက် ၂၁ နှစ်အောက် ကစားသမားများသည် မှတ်ပုံတင်ထားသည့် ကစားသမားစုစုပေါင်း၏ ၅၇.၅ ရာခိုင်နှုန်းရှိခဲ့ကာ ကစားသမားများ၏ ပျမ်းမျှအသက်မှာ ၂၁.၆ နှစ်ဖြစ်သည်။
တစ်ချိန်တည်းတွင် အသစ်တည်ထောင်ထားသည့် အသက် ၂၀ နှစ်အောက် (U20) လိဂ်ပြိုင်ပွဲ၌ ကစားသမား ၁,၀၄၇ ဦး မှတ်ပုံတင်ခဲ့ပြီး ယင်းတို့အနက် ၄၃ ဦးသည် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလအတွင်း ကြေးစားကစားသမားစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ၎င်းတို့အနက် ၂၂ ဦးသည် အခြားအသင်းများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ၂၁ ဦးမှာ မိမိတို့အသင်း၏ ပထမအသင်းကြီးသို့ ရာထူးတိုးမြှင့်ခံခဲ့ရသည်။ (Xinhua)

------------------------------------------
(English Version)
Chinese Super League sets attendance record as youth participation rises
BEIJING, Nov. 10 (Xinhua) -- China's professional football leagues recorded strong attendance growth in 2026, with the Chinese Super League drawing a record 7.096 million spectators and young players making an increasingly significant contribution, a league official said Tuesday.
The CSL averaged 29,567 spectators per match, up 14.8 percent from last season, Yang Xu, vice chairman of the Chinese Professional Football League, said at a press briefing.
The eighth round of fixtures in April attracted more than 307,000 spectators, setting a single-round attendance record, while Beijing Guoan's clash with Shanghai Shenhua in round three drew 64,118 fans to Workers' Stadium, the second-largest crowd in CSL history.
Attendance also rose in the lower divisions, with second-tier China League One drawing 2.194 million spectators, up 15.69 percent year-on-year, while League Two attracted 535,000. Combined attendance across the three men's professional divisions exceeded 9.8 million, including 238,810 away supporters in the CSL.
Women's football also enjoyed increased support. A record 24,193 spectators attended the Women's Super League season opener, the highest attendance for a domestic women's professional league match. Total attendance through 14 rounds reached 298,500, up 64.8 percent from the same period last year.
Yang also highlighted increased opportunities for young players, with 580 players aged under 21 registered across the three men's divisions, accounting for 34.3 percent of domestic registrations, up 5.1 percentage points year-on-year.
In the CSL, U21 player registrations rose 12.7 percent, while their playing time increased 42.9 percent and goals scored climbed 31.4 percent.
In League Two, 320 U21 players accounted for 45.1 percent of registrations and scored 257 goals, roughly one-third of the league's total.
"Young players are accelerating their development through the professional leagues, and a group of outstanding talents have emerged to join national teams at various levels, continuously strengthening the talent pipeline," Yang said.
The trend extended to women's football, where U21 players accounted for 57.5 percent of registrations in the second tier, which had an average player age of 21.6.
Meanwhile, the newly established U20 league registered 1,047 players, with 43 signing professional contracts during the summer transfer window. Of those, 22 moved to other clubs and 21 were promoted to their clubs' first teams.
Photo Caption 1 :Wu Lei (R) of Shanghai Port competes during the 2023 season Chinese Football Association Super League (CSL) 13th round match between Beijing Guoan and Shanghai Port in Beijing, capital of China, June 29, 2023. (Xinhua/Chen Zhonghao)
Photo Caption 2 :Issa Kallon (front R) of Shanghai Port competes during the 2023 season Chinese Football Association Super League (CSL) 13th round match between Beijing Guoan and Shanghai Port in Beijing, capital of China, June 29, 2023. (Xinhua/Zhang Chen)








