ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် နန်းတော်တွင် ကမ္ဘောဒီးယားဘုရင် သီဟာမိုနီနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံပြီးနောက် နန်းတော်မှ ထွက်ခွာလာစဉ် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် နန်းတော်တွင် ကမ္ဘောဒီးယားဘုရင် သီဟာမိုနီနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံပြီးနောက် နန်းတော်မှ ထွက်ခွာလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၉ ရက်က ကမ္ဘောဒီးယားဘုရင် သီဟာမိုနီထံ သဝဏ်လွှာပေးပို့၍ ကမ္ဘောဒီးယားနိုင်ငံ လွတ်လပ်ရေးရရှိသည့် ၇၃ နှစ်မြောက် နှစ်ပတ်လည်ကို ဂုဏ်ပြုခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသည် စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ပြည်သူများ၏ လူနေမှုဘဝမှာ ဆက်လက်တိုးတက်ကောင်းမွန်လာကာ နိုင်ငံတကာနှင့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုမှာလည်း နေ့စဉ်နှင့်အမျှ မြင့်တက်လာကြောင်း ထောက်ပြပြောကြားခဲ့သည်။ သံမဏိပမာ ခိုင်မြဲသော မိတ်ဆွေအဖြစ် တရုတ်နိုင်ငံသည် ယင်းအတွက် အလွန်ဝမ်းမြောက်မိပြီး ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတော်တည်ငြိမ်မှု ထိန်းသိမ်းခြင်း၊ လွတ်လပ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး ဖော်ဆောင်ခြင်းတို့ကို ယခင်ကဲ့သို့ပင် ခိုင်မာစွာ ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဘုရင် သီဟာမိုနီ၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများသည် ဆက်လက်၍ ပိုမိုကြီးမားသည့် အောင်မြင်မှုအသစ်များ ရရှိလာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း မိမိသည် ဘုရင် သီဟာမိုနီနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းသွားရန်နှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဦးဆောင်လမ်းညွှန်ပေးခဲ့သည်ဟု ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။ မိမိအနေဖြင့်သည် တရုတ်-ကမ္ဘောဒီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားပြီး အဆွေတော် ဘုရင်နှင့်အတူ ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား ‌အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းခိုင်မာစွာ အကောင်အထည်ဖော်သွားရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးသုခများ ဆောင်ကြဉ်းပေးရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် အတူတကွ ဦးဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………….

(Chinese Version)

习近平就柬埔寨王国独立73周年向柬埔寨国王西哈莫尼致贺电

新华社北京11月9日电 11月9日,国家主席习近平致电柬埔寨国王西哈莫尼,祝贺柬埔寨王国独立73周年。  

习近平指出,当前,柬埔寨经济社会稳步发展,人民生活持续改善,国际和地区影响力日益提升。作为铁杆朋友,中方为此深感高兴,将一如既往坚定支持柬埔寨维护国家稳定、坚持独立自主、实现发展振兴。相信在西哈莫尼国王的庇佑下,柬埔寨国家建设事业将不断取得新的更大成就。  

习近平强调,近年来,我同西哈莫尼国王多次会面,为赓续两国传统友谊、深化全面战略合作领航把舵。我高度重视中柬关系发展,愿同你共同引领新时代全天候中柬命运共同体建设走深走实,为两国人民带来更多福祉,为地区和世界和平、稳定、繁荣作出积极贡献。(完)

图说:2025年4月17日下午,柬埔寨国王西哈莫尼同中国国家主席习近平在金边王宫举行会见。这是会见后,两国元首步出金边王宫。 新华社记者 殷博古 摄