
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
ဉာဏ်ရည်တုနည်းပညာ (AI) က သတင်းထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနှင့် သတင်းအသုံးပြုမှုဆိုင်ရာ နည်းလမ်းများကို "စက်ယန္တရားအမြန်နှုန်း" နီးပါးဖြင့် မြန်ဆန်စွာ ပြန်လည်ဆန်းသစ်ပုံဖော်လျက်ရှိစဉ် ကမ္ဘာတစ်ဝန်းရှိ မီဒီယာအဖွဲ့အစည်းများအနေဖြင့် အချိုးအကွေ့ကာလတစ်ခုကို တူညီစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့၌ နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိကာ နိုင်ငံနှင့် ဒေသပေါင်း ၁၁၂ ခုမှ ပင်မမီဒီယာ၊ Think Tank အဖွဲ့၊ အစိုးရအဖွဲ့အစည်း၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်း ၃၃၀ နီးပါးမှ ကိုယ်စားလှယ် ၅၀၀ နီးပါး တက်ရောက်လျက်ရှိသည်။
ဆင်ဟွာသတင်းဌာနနှင့် ပေကျင်းမြူနီစီပယ် ပြည်သူ့အစိုးရတို့ ပူးတွဲစီစဉ်ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးအား “ဉာဏ်ရည်မြင့်ခေတ် မီဒီယာ - သဘောတူညီမှုမှသည် လက်တွေ့လုပ်ဆောင်ချက်ဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကာ "မြင်တွေ့ရသမျှကို ယုံကြည်၍မရနိုင်တော့သည့်" ယနေ့ခေတ်ကာလတွင် မီဒီယာများအနေဖြင့် ယုံကြည်စိတ်ချရမှုကို ထိခိုက်မှုမရှိစေဘဲ AI နည်းပညာကို မည်သို့အကျိုးရှိရှိ အသုံးချမည်နည်း၊ ယှဉ်ပြိုင်ခြင်းထက် ပိုမိုကျယ်ပြန့်စွာ မည်သို့ပူးပေါင်းဆောင်ရွက်မည်နည်းဆိုသည့် ခေတ်ကာလ၏ အရေးပါသော မေးခွန်းများကို အဓိကထား ဆွေးနွေးလျက်ရှိကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261106/10714353323940b0939d9329d67064c4/c.html



…………………………
(English Version)
Xinhua Headlines: World summit highlights transformation and collaboration of global media in AI era
BEIJING, Nov. 6 (Xinhua) -- As artificial intelligence (AI) rewrites how news is produced, distributed and consumed at almost "machine speed," media organizations worldwide find themselves at a shared crossroads.
The 7th World Media Summit is being held in Beijing from Nov. 5 to 9, drawing nearly 500 representatives from close to 330 mainstream media outlets, think tanks, government bodies, the United Nations and other international organizations across 112 countries and regions.
Under the theme "Media in the Intelligent Age: From Consensus to Action," and jointly organized by Xinhua News Agency and the Beijing Municipal People's Government, the summit is grappling with a defining question of the era: in a world where "seeing is no longer believing," how can media harness AI without compromising credibility, and move beyond competition toward greater cooperation?
https://english.news.cn/20261106/10714353323940b0939d9329d67064c4/c.html
Photo caption 1: A participant of the 7th World Media Summit tries manipulating a robot in Beijing, capital of China, Nov. 5, 2026. (Xinhua/Zhang Chenlin)
Photo caption 2: A participant of the 7th World Media Summit experiences a newspaper photo booth, which turns user portraits into customized front-page newspaper keepsakes, in Beijing, capital of China, Nov. 5, 2026. (Xinhua/Xie Han)








