
လန်ဒန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဘရိုက်တန်အသင်းက ဘရန့်ဖို့ဒ်အသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မန်ချက်စတာစီးတီးအသင်း၏အထက် အမှတ်ပေးဇယားအဆင့်- ၂ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် ဘရိုက်တန်အနေဖြင့် နိုဝင်ဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ၅ မှတ်အကွာသို့ ရောက်ရှိလာခဲ့သည်။
ပွဲချိန် ၁၅ မိနစ်တွင် ဒီယေဂို ဂိုးမက်ဇ်က အားပါပြင်းထန်သော အဝေးကန်ချက်ဖြင့် ဂိုးအပေါ်ထောင့်ထဲသို့ ကန်သွင်းကာ အိမ်ရှင်ဘရိုက်တန်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့သည်။
ဘရန့်ဖို့ဒ်အသင်း တိုက်စစ်မှူး အီဂေါ သီယာဂို ဘရိုက်တန်အသင်းမှ ချီမာ အန်ဒရက်စ်၏ မျက်နှာကို လက်ဖြင့်ရိုက်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ပွဲမှာ ဘရိုက်တန်အတွက် ပိုမိုလွယ်ကူသွားခဲ့သည်။ ကွင်းလယ်ဒိုင်က ကနဦးတွင် အဝါကတ်ပြသခဲ့သော်လည်း VAR ဖြင့် ပြန်လည်စစ်ဆေးပြီးနောက် တိုက်ရိုက်အနီကတ်ပြသခဲ့ခြင်းဖြစ်သည်။
ပွဲချိန် ၄၂ မိနစ်တွင် ပါစကယ် ဂရော့စ်က ရရှိလာသည့် ပင်နယ်တီကို ပိုင်ပိုင်နိုင်နိုင် အသုံးချကာ ဘရိုက်တန်အတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပြီး အိမ်ရှင်အသင်းအနေဖြင့် ကစားသမားတစ်ဦးလျော့နေသည့် ပြိုင်ဘက်အသင်းကို ဒုတိယပိုင်းတွင် သက်သောင့်သက်သာ ထိန်းချုပ်ကစားနိုင်ခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲ၌ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အဝေးကွင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့သော်လည်း လိဂ်ပွဲစဉ် ၄ ပွဲဆက် ရှုံးနိမ့်ထားသည့် ပဲလေ့စ်အသင်း၏ မန်နေဂျာ ပီယာဆေ့ချ်အတွက် ဖိအားများပိုမိုကြီးမားလာခဲ့သည်။
ဆဲလ်ဟတ်စ်ပါ့ခ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ အလက်ဆစ် မက်ခ် အယ်လစ္စတာက ပွဲချိန်မိနစ် ၄၀ တွင် လီဗာပူးလ်အတွက် ခေါင်းတိုက်ကာ ဦးဆောင်ဂိုးမသွင်းယူနိုင်မီအချိန်အထိ ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။
ပွဲချိန် ၅၄ မိနစ်တွင် ဖလော်ရီယန် ဗက်ဇ်က သေသေသပ်သပ် ပိတ်သွင်းကာ လီဗာပူးလ်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၉ မိနစ်တွင် အလက်ဇန်းဒါး အီဆက်ခ်က ပွဲသိမ်းအနိုင်ဂိုး သွင်းယူကာ ၃-၀ ဖြစ်စေခဲ့သည်။ ပွဲပြီးခါနီး ထပ်ဆောင်းအချိန်ပိုတွင် အက်ဒီ အန်ကီတီယာက ပင်နယ်တီမှတစ်ဆင့် ပဲလေ့စ်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း နောက်ထပ်ချေပဂိုးများ ထပ်မံသွင်းယူနိုင်ရန်မှာမူ အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
အလားတူ အိုးထရက်ဖို့ဒ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်က အက်စတွန်ဗီလာ၏ ၂ ဂိုးပြတ် ဦးဆောင်ခြင်းခံထားရသည့် အခြေအနေမှ နှစ်ကြိမ်တိုင်တိုင် ပြန်လည်ချေဖျက်ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ၄-၄ ဂိုးရလဒ်ဖြင့် သရေတစ်မှတ်ရယူနိုင်ခဲ့သည်။ သို့သော် အဆိုပါရလဒ်ကြောင့် နည်းပြ မိုက်ကယ် ကာရစ်၏ အသင်းမှာ အမှတ်ပေးဇယား အောက်ဆုံး ၃ သင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
နည်းပြ ဇာဘီ အလွန်ဆိုလက်ထက်တွင် ခြေစွမ်းပိုင်းမတည်ငြိမ်သေးသည့် ချဲလ်ဆီးအသင်းမှာ ယခုပွဲစဉ်မတိုင်မီက အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်နေခဲ့သည့် ဆန်းဒါးလန်းအသင်းကို အဝေးကွင်းတွင် ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တစ်ပွဲ၌ ဘုန်းမောက်က အစ်ဆွစ်ချ်တောင်းကို အဝေးကွင်းတွင် ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်၌ တိုက်စစ်မှူး အီဗန်နီလ်ဆင် ဆက်လက်ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့သည်။ (Xinhua)


..................................
(English Version)
Premier League: Brighton moves second, Liverpool returns to winning ways
LONDON, Nov. 8 (Xinhua) -- Brighton moved above Manchester City into second place in the Premier League with a 2-0 home victory over Brentford on Sunday.
The win left Brighton five points behind league leader Arsenal, which played on Saturday.
Diego Gomez put the host ahead in the 15th minute with a powerful long-range strike into the top corner.
Brighton's task became easier when Brentford forward Igor Thiago was shown a straight red card for striking Chema Andres in the face with his arm. The referee upgraded his initial yellow card following a VAR review.
Pascal Gross doubled Brighton's lead with an emphatic penalty in the 42nd minute, and the host comfortably controlled the second half against its 10-man opponent.
Liverpool ended a run of consecutive defeats with a 3-1 victory away to Crystal Palace, piling further pressure on Palace manager Pierre Sage, whose side suffered a fourth successive league defeat.
The match at Selhurst Park was evenly contested until Alexis Mac Allister headed Liverpool into the lead in the 40th minute.
Florian Wirtz doubled Liverpool's advantage in the 54th minute with a first-time finish, before Alexander Isak made it 3-0 in the 89th. Eddie Nketiah converted a stoppage-time penalty for Palace, but it came too late to prevent another defeat.
Manchester United twice came back from two goals down to salvage a thrilling 4-4 draw against Aston Villa at Old Trafford, although the result left Michael Carrick's side in the bottom three.
Chelsea's inconsistent form under Xabi Alonso continued with a 1-0 defeat away to Sunderland, which had been bottom of the table heading into the weekend.
Elsewhere on Sunday, Evanilson continued his impressive scoring run as Bournemouth won 2-1 away to Ipswich Town.
Photo caption 1: Brighton & Hove Albion's Chema Andres (1st R) celebrates scoring during the English Premier League match between Brighton & Hove Albion FC and Arsenal FC in Brighton, Britain, on Sept. 19, 2026. (Xinhua)
Photo caption 2: Manchester United's Matheus Cunha celebrates after scoring the first goal during the UEFA Champions League 2026/27 League Phase football match between Manchester United FC and Sabah FC in Manchester, Britain, on Sept. 10, 2026. (Xinhua)








