မုံရွာ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
လက်ရှိကာလတွင် မုံရွာမြို့ရှိသစ်သီးဆိုင်များ၌ ရှမ်းပြည်နယ်ထွက် လိမ္မော်သီးနှံများစျေးကွက်အတွင်း စတင်ဝင်ရောက်လာရာ နေ့စဥ်ရောင်းအားတက်လျက်ရှိကြောင်း သိရသည်။
"အသီးအနှံဈေးကွက်မှာ လိမ္မော်သီးဟာ စားသုံးသူတွေအကြား လူကြိုက်များတဲ့ သစ်သီးဖြစ်လို့ ဗမာသီးတွေစဝင်ဝင်ချင်း ရောင်းကောင်းတယ်။ သီတင်းကျွတ်ချိန်ဆိုတော့ မင်္ဂလာဆောင်၊ အလှူ၊ ကထိန်ပွဲ စတာတွေပေါတော့ ရောင်းကောင်းတယ်။ ရှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းကနေ ဝင်လာတာ။ အသီးအကြီးအသေးပေါ်မူတည်ပြီးစျေးကွာတယ်။ သယ်ယူစရိတ်ကြီးတော့ စျေးကြီးတယ်။ ဒါပေမယ့် ရောင်းကောင်းတယ်"ဟု မုံရွာမြို့ရှိ သစ်သီးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောသည်။
လက်ရှိ စျေးကွက်တွင် ထောပတ်သီးလှိုင်လှိုင်ပေါ်ချိန်ဖြစ်ကာ အခြားသီးနှံများ ဖြစ်သည့် စပျစ်သီး၊ တည်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ကဗ္ဗလာသီး၊ ဖရဲသီး၊ သခွားသီး၊ နာနတ်သီးနှင့် ဆန်းကစ်သီးများလည်း အရောင်းအဝယ်ဖြစ်ထွန်းနေကြောင်း သိရသည်။ (Xinhua)
#မုံရွာ #လိမ္မော်သီး #သီးနှံ








