ချင်ဟွမ်သောင်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချင်ဟွမ်သောင်မြို့တွင် ယခုအခါဆောင်းခိုငှက်များ ပြောင်းရွှေ့ကျက်စားသည့် ရာသီသို့ ရောက်ရှိနေပြီဖြစ်သည်။ ပေသိုက်ဟယ်မြို့ တာ့ချောင်ဖိန် စိမ့်မြေဒေသ၌ ဓာတ်ပုံဝါသနာရှင်တစ်ဦးက နိုင်ငံတော်အဆင့် ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်ဖြစ်သော အရှေ့တိုင်းကြိုးကြာဖြူ ငါးကောင်ကို တစ်ကြိမ်တည်း ဓာတ်ပုံရိုက်ကူးနိုင်ခဲ့သည်။

တာ့ချောင်ဖိန် စိမ့်မြေဒေသ၌ အစာရေစာ ပေါများလုံလောက်စွာ ရရှိနိုင်ခြင်းကြောင့် ၎င်းတို့သည် ကိုယ်ခန္ဓာအားအင် ပြန်လည်ဖြည့်တင်းပြီးနောက် ရွှေ့ပြောင်းပျံသန်းရာ လမ်းကြောင်းအတိုင်း ဆောင်းခိုကျက်စားရာဒေသသို့ ဆက်လက်ပျံသန်းသွားကြမည်ဖြစ်သည်။

ဂေဟပတ်ဝန်းကျင် အခြေအနေများ စဉ်ဆက်မပြတ်ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ထောင်သောင်းချီသည့်ကျေးငှက်မျိုးစုံတို့သည် ဤအရပ်၌ ဝဲကာပျံကာ၊ တက်ကာဆင်းကာ ပြုနေကြပြီး “ငှက်အုပ်ကြီးများ ပင်လယ်ကမ်းခြေသို့ လာရောက်ကျက်စားကြသည့်” ဆောင်းဦးရာသီ၏ သဘာဝဂေဟအလှရှုခင်းများကို အစဉ်မပြတ် မြင်တွေ့နေရသည်။ (Xinhua)

#China #OrientalStork #MigratoryBirds #MigrationSeason #အရှေ့တိုင်းကြိုးကြာဖြူ #ဆောင်းခိုငှက် #နိုင်ငံတော်အဆင့် ပထမတန်းစားကာကွယ်စောင့်ရှောက်ထားသည့်တောရိုင်းတိရစ္ဆာန်မျိုးစိတ်

------------------------------------------

(Chinese Version)

候鸟翩跹赴秋约 东方白鹳组团亮相大潮坪湿地

在河北秦皇岛市,眼下正值候鸟迁徙季。在北戴河大潮坪湿地,摄影爱好者一次性拍摄到五只国家一级保护野生动物东方白鹳。依托大潮坪湿地充沛的食物补给,它们在补充体力后,将继续沿迁飞通道奔赴越冬地。随着生态环境持续优化,万千飞鸟在这里盘旋起落,“万鸟临海”的秋日生态画卷不断上演。

作者:曲澜娟、左晟莹

新华社音视频部制作