စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ တီနီရိုက်ဖ်အသင်း ကစားသမား ဂျေးဆူး ဒယ်မီဂေးလ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် ကစားသမားများ တစ်မိနစ်ငြိမ်သက်နေစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ တီနီရိုက်ဖ်အသင်း ကစားသမား ဂျေးဆူး ဒယ်မီဂေးလ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် ကစားသမားများ တစ်မိနစ်ငြိမ်သက်နေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဒုတိယတန်းလိဂ် ဘောလုံးပွဲစဉ်အတွင်း ပွဲပြီးခါနီးတွင် ကစားသမားနှစ်ဦး တိုက်မိခဲ့ပြီးနောက် တီနီရိုက်ဖ်အသင်း တိုက်စစ်မှူး ဂျေးဆူး ဒယ်မီဂေးလ် ကွယ်လွန်သွားသည့်အတွက် "အကြီးအကျယ် နာကျင်ခံစားရ" ကြောင်း အန်ဒိုရာအသင်းဂိုးသမား ဂျေးဆူး အိုဝိုနိုက နိုဝင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

ပွဲချိန် ၉၆ မိနစ်တွင် ဒယ်မီဂေးလ်မှာ အန်ဒိုရာအသင်း ကွင်းဘက်ခြမ်း၌ ဘောလုံးရယူရန် ကြိုးပမ်းနေချိန် ပြိုင်ဘက်အသင်းဂိုးသမား အိုဝိုနိုကလည်း ပင်နယ်တီဧရိယာ အပြင်ဘက်သို့ ပြေးထွက်ကာ ဘောလုံးရှင်းထုတ်ရာတွင် ၎င်း၏ဒူးဖြင့် ဒယ်မီဂေးလ်၏ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် တိုက်မိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒယ်မီဂေးလ်မှာ သတိလစ်သွားသဖြင့် ကွင်းပြင်သို့သယ်ထုတ်သွားခဲ့ရပြီး အိုဝိုနိုမှာလည်း အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရကာ ပွဲကိုလည်း ရပ်နားခဲ့ရသည်။ ဒယ်မီဂေးလ်မှာ နှလုံးရပ်သွားခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများက သတိပြန်ရအောင် လုပ်ဆောင်ပေးခဲ့သော်လည်း ညပိုင်းတွင် ၎င်း၏ အာရုံကြောအခြေအနေမှာ ပိုမိုဆိုးရွားလာပြီးနောက် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ရက်တွေက ကျွန်တော့်ဘဝမှာ အခက်ခဲဆုံး နေ့ရက်တွေပါပဲ" ဟု အန်ဒိုရာအသင်းက ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် အိုဝိုနိုက ပြောကြားခဲ့သည်။ "ကျွန်တော် စကားလုံးရှာမရအောင်ဖြစ်နေပြီး ဖြစ်ပျက်ခဲ့တဲ့အရာတွေကို လက်ခံဖို့ ကျွန်တော့်အတွက် တော်တော်လေးခဲယဉ်းပါတယ်" ဟု ၎င်းက ဆိုသည်။

"ဂျေးဆူးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော် အကြီးအကျယ် စိတ်ထိခိုက်ခံစားရပါတယ်။ ကျွန်တော် သူ့အကြောင်းကိုရော သူ့မိသားစုနဲ့ သူ့ကိုချစ်ခင်ကြတဲ့သူ အားလုံးအကြောင်းကိုပါ စဉ်းစားမိပါတယ်" ဟု လွန်ခဲ့သည့် နှစ်ရက်အတွင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပြီးနောက် ၎င်း၏ အင်စတာဂရမ်အကောင့်ကို ယာယီပိတ်ထားလိုက်သည့် အဆိုပါ အသက် ၂၅ နှစ်အရွယ် ဂိုးသမားက ပြောကြားခဲ့သည်။

"ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီးရှိလာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော် လေးစားမှုအပြည့်နဲ့ ရင်ဆိုင်သွားမှာပါ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အခုအချိန်မှာ ဂျေးဆူးရဲ့အကြောင်းနဲ့ ကျွန်တော်တို့အားလုံး ကြုံတွေ့နေရတဲ့ နာကျင်ခံစားမှုတွေကလွဲရင် တခြားဘာကိုမှ စဉ်းစားလို့မရတော့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ဝမ်းနည်းဖွယ်အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ယခုတစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမည့် စပိန်ဘုရင့်ဖလား ပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့သည်။ နိုဝင်ဘာ ၇ ရက်တွင် ဂရန်နာဒါအသင်းနှင့် တီနီရိုက်ဖ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဒုတိယတန်းပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး တီနီရိုက်ဖ်အသင်းကလည်း ၎င်းတို့၏အိမ်ကွင်း ဟီလီယိုဒိုရို ရော့ဒရီဂက်ဇ် လိုပက်ဇ်၌ ဒယ်မီဂေးလ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို ထိုနေ့ညနေခင်းတွင် ကျင်းပရန် စီစဉ်ထားသည်။

မာယော့ကာအသင်းနှင့် ကစားမည့် အန်ဒိုရာအသင်း၏ အိမ်ကွင်းပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းထားကာ စပိန်ဘောလုံးသမားများ သမဂ္ဂကလည်း ဒယ်မီဂေးလ်ကို အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာ ၉ ရက်အထိ ပြည်တွင်းဘောလုံးပွဲစဉ် အားလုံးကို ရပ်ဆိုင်းပေးရန် တောင်းဆိုထားသော်လည်း ယင်းတောင်းဆိုချက်ကို အပြီးသတ်အတည်ပြုခြင်း မရှိသေးပေ။ (Xinhua)

..................................

(English Version)

Andorra goalkeeper Owono expresses 'enormous pain' over death of Tenerife's Jesus de Miguel

MADRID, Nov. 4 (Xinhua) -- Andorra goalkeeper Jesus Owono on Wednesday expressed his "enormous pain" over the death of Tenerife striker Jesus de Miguel following a collision between the two players in the closing moments of Monday's Spanish second-division match.

De Miguel was chasing a ball into the Andorra half in the 96th minute when Owono raced out of his penalty area and collided with him, striking him in the chest with his knee.

Owono was sent off and the match was abandoned as an unconscious De Miguel was carried off the pitch. De Miguel suffered a cardiac arrest and, although emergency services managed to resuscitate him, he died on Tuesday morning after his neurological condition deteriorated overnight.

"These are the most difficult days of my life," said Owono in a statement issued by Andorra.

"I struggle to find the words, and it is very hard for me to come to terms with what has happened."

"I feel enormous pain over the loss of Jesus. I think of him, his family, and everyone who loved him," said the 25-year-old, who has deactivated his Instagram account following the abuse he has received over the past two days.

"I know there will be many issues to address, and I will face whatever comes with the utmost respect. But right now, honestly, I cannot think about anything other than Jesus and the pain we are all experiencing."

Copa del Rey matches scheduled for this week have been postponed following the tragedy. Saturday's second-division match between Granada and Tenerife has also been postponed, with Tenerife due to hold a memorial for De Miguel at its Heliodoro Rodriguez Lopez Stadium that evening.

Andorra's home game against Mallorca has also been postponed, while the Spanish players' union has called for the suspension of domestic football fixtures through November 9 as a mark of respect for De Miguel. The request has yet to be fully approved.

Photo caption: Players of Atletico Madrid and Bayern Munich observe a minute of silence for CD Tenerife player Jesus de Miguel before the UEFA Champions League match between Atletico Madrid and Bayern Munich in Madrid, Spain, on Nov. 3, 2026. (Xinhua/Meng Dingbo)