
မက်ဒရစ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ဘရာဇီးတိုက်စစ်မှူး ရာဖင်ညာအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ အသင်း၌ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက နိုဝင်ဘာ ၄ ရက်၌ ကြေညာခဲ့သည်။
"ဘာစီလိုနာ ပထမအသင်း ကစားသမား ရာဖာအယ်လ် ဒီယက်စ် ဘယ်လိုလီ 'ရာဖင်ညာ' ဟာ ၂၀၃၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးစာချုပ်တစ်ရပ်ကို နိုဝင်ဘာ ၅ ရက် (ကြာသပတေးနေ့) မှာ လက်မှတ်ရေးထိုးသွားမှာပါ။ အသင်းဥက္ကဋ္ဌ ယိုအန် လာပေါ်တာရဲ့ ရုံးခန်းမှာ ဗဟိုဥရောပစံတော်ချိန် (CET) မွန်းလွဲ ၁၂ နာရီ စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပြီး အဲဒီနောက် ကစားသမားဖြစ်သူဟာ စီးပွားရေးဆိုင်ရာ ရုံးခန်းမှာ မီဒီယာတွေနဲ့ တွေ့ဆုံမှာပါ" ဟု အသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဘာစီလိုနာက အက်စတွန်ဗီလာကို အိမ်ကွင်းတွင် ၃ ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်၌ အသက် ၂၉ နှစ်အရွယ် ရာဖင်ညာက နှစ်ဂိုးသွင်းယူခဲ့ပြီး အသင်းအား အဖွင့်ပွဲစဉ်လေးပွဲ၌ ၃ ပွဲနိုင် ၁ ပွဲရှုံးရလဒ် ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့ပြီး တစ်ရက်အကြာတွင် အသင်း၏ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရာဖင်ညာမှာ ၂၀၂၂ ခုနှစ်တွင် လိဒ်စ်ယူနိုက်တက်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ အသင်းအတွက် ပွဲပေါင်း ၁၉၀ ပါဝင်ကစားခဲ့ပြီး ၉၄ ဂိုး သွင်းယူနိုင်ခဲ့ရာ ဘာစီလိုနာအသင်းသမိုင်းတွင် အသင်းအတွက် အကျိုးအပြုနိုင်ဆုံး ဘရာဇီးကစားသမားများထဲမှတစ်ဦး ဖြစ်လာခဲ့သည်။ (Xinhua)



..................................
(English Version)
FC Barcelona extends Raphinha's contract
MADRID, Nov. 4 (Xinhua) -- FC Barcelona announced on Wednesday that Brazilian forward Raphinha will sign a contract extension keeping him at the club until 2030.
"This Thursday, November 5, first-team player Raphael Dias Belloli 'Raphinha' will sign a contract extension until June 30, 2030. The signing is scheduled to take place at 12:00 p.m. CET in the office of president Joan Laporta, before the player subsequently speaks to the media in the Commercial Office," the club announced on its official website.
The announcement comes a day after the 29-year-old scored twice in Barcelona's 3-0 home win over Aston Villa in the UEFA Champions League, helping the La Liga side improve to three wins and one defeat from its opening four matches.
Raphinha joined Barcelona from Leeds United in 2022. He has scored 94 goals in 190 appearances for the club, making him one of the most prolific Brazilian players in its history. Enditem
Photo caption 1: Raphinha (L) of FC Barcelona celebrates his goal with teammates Fermin Lopez (R) and Anthony Gordon during the UEFA Champions League match between FC Barcelona and Aston Villa in Barcelona, Spain, on Nov. 3, 2026. (Photo by Joan Gosa/Xinhua)
Photo caption 2: FC Barcelona's Raphinha (R) vies with Athletic Club's Yeray Alvarez during the La Liga football match between FC Barcelona and Athletic Club in Barcelona, Spain, on Aug. 27, 2026. (Photo by Joan Gosa/Xinhua)








