တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့ရှိ ရှင်းကျန်း နိုင်ငံတကာပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဝူးလူမုချီမြို့ရှိ ရှင်းကျန်း နိုင်ငံတကာပြခန်းနှင့် ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် ၆ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါထိပ်သီးအစည်းအဝေးသို့ ကမ္ဘာ့တစ်ဝန်း နိုင်ငံနှင့် ဒေသ ၁၁၂ ခုမှ ပင်မမီဒီယာ၊ Think Tank ၊ အစိုးရဌာန၊ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်း စသည့် အဖွဲ့အစည်းပေါင်း ၃၃၀ နီးပါးမှ ကိုယ်စားလှယ်ပေါင်း ၅၅၀ နီးပါး တက်ရောက်မည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေး အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်၏ မိတ်ဆက်ပြောကြားချက်အရ ယခုအကြိမ် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး၏ အဓိကအကြောင်းအရာမှာ “ဉာဏ်ရည်ထည့်သွင်းမှုဆိုင်ရာ ပြောင်းလဲမှုများအကြား မီဒီယာ၏တာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု” ဖြစ်ပြီး အစည်းအဝေးမှရလဒ်များစွာ ရရှိမည်ဖြစ်သည်။

ထိပ်သီးအစည်းအဝေးကာလအတွင်း ဖွင့်ပွဲအခမ်းအနား၊ နိုင်ငံတကာ ပင်မမီဒီယာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဆွေးနွေးပွဲ၊ မျက်နှာစုံညီအစည်းအဝေး၊ ဖိုရမ်ခွဲ၊ နည်းပညာပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် ယဉ်ကျေးမှု လက်တွေ့ခံစားခြင်း အခမ်းအနားများလည်း ကျင်းပသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်များက ဉာဏ်ရည်တု (AI) ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့မီဒီယာများ အသွင်ကူးပြောင်းမှု၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစိန်ခေါ်မှုများအကြား မီဒီယာတွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းဆောင်ရွက်မှု၊ ဉာဏ်ရည်ထည့်သွင်းဖြန့်ချိမှုဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ် လေ့လာသင်ယူမှု အလားအလာအသစ်များ တိုးချဲ့ခြင်း၊ “AI+” နှင့် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ချိမှု စီမံခန့်ခွဲရေး သဘောတူညီချက်အသစ်၊ ပေကျင်းမှတစ်ဆင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု ကိုနားလည်သဘောပေါက်ခြင်း စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ပြီး ပေကျင်းမြို့တွင်း၌လည်း လည်ပတ်ကာ၊ လေ့လာကြမည်ဖြစ်သည်။

ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို “မီဒီယာများ၏ အိုလံပစ်ပွဲ” ဟု တင်စားခေါ်ဝေါ်ခံရလောက်အောင် နိုင်ငံတကာနာမည်ကျော် မီဒီယာအဖွဲ့အစည်းများစွာပါဝင်၍ ၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့ကာ တစ်ကမ္ဘာလုံးတွင် အရေးကြီးသော မီဒီယာအဆင့်မြင့် ပူးပေါင်းဖလှယ်မှု ပလက်ဖောင်းဖြစ်သည်။ ယခုအကြိမ် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို ဆင်ဟွာသတင်းဌာန၊ ပေကျင်းမြို့ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

第七届世界媒体峰会将在北京举行

新华社北京11月4日电(记者孙奕、孙楠)第七届世界媒体峰会将于11月5日至9日在北京举行。来自全球112个国家和地区的近330家主流媒体、智库、政府部门及联合国和其他国际组织等机构的近500名代表将出席峰会。  

峰会秘书处负责人介绍,本届世界媒体峰会主题为“智能变革中的媒体使命与合作行动”,将形成多项成果。峰会期间,将举行开幕式、国际主流媒体合作高端对话会、全体会议、分论坛、科技展、图片展和文化体验活动,中外代表将围绕人工智能普惠发展与全球媒体转型、全球安全挑战中的媒体对话与协作、智能传播拓展文明交流互鉴新空间、“人工智能+”与全球传播治理新共识、从北京读懂中国式现代化等议题进行交流,并在北京参访。  

世界媒体峰会被誉为“媒体的奥林匹克”,2009年由多家国际知名媒体机构共同发起,是全球重要的媒体高端交流合作平台。本届世界媒体峰会由新华通讯社、北京市人民政府共同主办。(完)

图说:这是2024年10月14日在新疆国际会展中心拍摄的第六届世界媒体峰会全体会议现场。新华社记者 丁磊 摄