ကွမ်ကျိုးမြို့ရှိ ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ကွမ်ကျိုး) ကျောင်းဝင်း၏ ညအချိန်မြင်ကွင်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ကွမ်ကျိုးမြို့ရှိ ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (ကွမ်ကျိုး) ကျောင်းဝင်း၏ ညအချိန်မြင်ကွင်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ဟောင်ကောင်မှ တက္ကသိုလ် ၅ ခုသည် QS အာရှတက္ကသိုလ်များ အဆင့်သတ်မှတ်ချက် (QS Asia University Rankings) တွင် ထိပ်တန်း ၁၀ ခုစာရင်း၌ ဆက်လက်ပါဝင်နေပြီး ဟောင်ကောင်တက္ကသိုလ်က နံပါတ် ၁ နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း နိုင်ငံတကာ အဆင့်မြင့်ပညာရေးဆိုင်ရာ သုတေသနအဖွဲ့အစည်း Quacquarelli Symonds (QS) က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်လိုက်သည့် အချက်အလက်များအရ သိရသည်။

အဆိုပါ အဆင့်သတ်မှတ်ချက်များအရ ဟောင်ကောင်စီးတီးတက္ကသိုလ်သည် အဆင့် ၄ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး၊ ဟောင်ကောင် တရုတ်တက္ကသိုလ်မှာ အဆင့် ၅ နေရာသို့ ရောက်ရှိလာခဲ့သည်။ ဟောင်ကောင်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် ဟောင်ကောင်ပိုလီတက္ကနစ်တက္ကသိုလ် (The Hong Kong Polytechnic University) တို့မှာမူ အဆင့် ၉ နေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်။

ပညာရပ်ဆိုင်ရာ ဂုဏ်သတင်း၊ အလုပ်ရှင်များအကြား ဂုဏ်သတင်း၊ နိုင်ငံတကာအသွင်ကူးပြောင်းမှုနှင့် သုတေသနဆိုင်ရာ သက်ရောက်မှု စသည့် အဓိက အညွှန်းကိန်းများတွင် ဟောင်ကောင်တက္ကသိုလ်များက အာရှ၌ ဆက်လက်ဦးဆောင်လျက်ရှိကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ ပညာရေးဗျူရိုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအနေဖြင့် မြောက်ပိုင်းမြို့တော်တက္ကသိုလ် တည်ဆောက်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတကာမှ ထိပ်တန်း သုတေသနပညာရှင်များနှင့် ကျောင်းသားများကို ဆွဲဆောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေခြင်းတို့မှတစ်ဆင့် ဟောင်ကောင်၏ အဆင့်မြင့်ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်တွင် ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

…………………

(English version)

5 Hong Kong universities rank among Asia's top 10 in QS rankings

HONG KONG, Nov. 4 (Xinhua) -- Five universities from Hong Kong remained in the top 10 of the QS Asia University Rankings 2027, with the University of Hong Kong retaining the number one spot, according to the latest release from Quacquarelli Symonds (QS), a leading international higher education research organization, on Tuesday.

According to the rankings, City University of Hong Kong has improved its position to fourth place, while The Chinese University of Hong Kong rose to fifth place. The Hong Kong University of Science and Technology tied with The Hong Kong Polytechnic University for ninth place.

Hong Kong universities continue to lead Asia in key indicators such as academic reputation, employer reputation, internationalization, and research impact, said a spokesperson for the Education Bureau of the Hong Kong Special Administrative Region (HKSAR) government.

The HKSAR government will continue to enhance the international standing of Hong Kong's higher education through development of the Northern Metropolis University Town, attracting top international research talent and students, as well as deepening cross-boundary and international academic collaborations, the spokesperson noted.

Photo caption : Aerial photo taken on Aug. 15, 2022 shows the night view of the campus of the Hong Kong University of Science and Technology (Guangzhou) in Guangzhou.  (Xinhua/Liu Dawei)