ကျောင်းထုန်း (ယူနန်)၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် ကျောင်းထုန်းမြို့ ရီလျန်ခရိုင် လော့ဝမ့်ရွာအုပ်စု ယွင်ဖုန်းရွာတွင် အသက် ၂၄ နှစ်အရွယ် လူငယ်လေး ရွှီချိန်ဟုန်က အောက်တိုဘာ ၃၁ ရက်တွင် မင်္ဂလာပွဲ ကျင်းပမည်ဖြစ်သော်လည်း ဆွေမျိုးမိတ်ဆွေများ နည်းပါးသဖြင့် လက်ထပ်မင်္ဂလာပွဲ ခြောက်ကပ်ကပ် မဖြစ်စေရန် အွန်လိုင်းအသုံးပြုသူများအနေဖြင့် လက်ထပ်မင်္ဂလာပွဲ တက်ရောက်ရန် ဗီဒီယိုထုတ်ပြန်၍ ဖိတ်ကြားခဲ့သည်။ ဗီဒီယို ထုတ်ပြန်ပြီးနောက် အင်တာနက်အသုံးပြုသူများက တက်တက်ကြွကြွ တုံ့ပြန်ခဲ့ကြပြီး မင်္ဂလာကား ပံ့ပိုးသူ၊ ဓာတ်ပုံဗီဒီယို ရိုက်ကူးပေးသူ၊ မင်္ဂလာပွဲအတွက် အစီအစဉ်တင်ဆက်ပေးမည့်သူများ ပေါ်ထွက်လာခဲ့သည်။ ဒေသတွင်းတွင်လည်း သက်ဆိုင်ရာလုပ်ငန်းများကို တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့သည်။ စေတနာကြင်နာမှုတို့ အပြန်အလှန်တွေ့ဆုံခြင်းသည် လူ့လောကတွင် အလှပဆုံးအဖြေပင် ဖြစ်ပေသည်။ (Xinhua)

---------------------

(Chinese Version)

一条婚礼邀请,请来一群“家人”

云南省昭通市彝良县洛旺乡云丰村,24岁小伙徐成红将于10月31日结婚,只因亲友寥寥,希望婚礼少一点冷清,他就发视频邀请网友前来参加婚礼。视频发出后,许多网友积极响应:有人出婚车,有人出摄影,有人要主持婚礼……当地也积极协调做好相关工作。善良遇见善良,就是人间最美好的答案。

作者:孙敏、王家兵 新华社音视频部制作