ပေါင်ဆန်း (ယူနန်)၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုန်လျင်ခရိုင် ရှောင်ဟေးဆန်း ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် အာသံမျောက်နှင့် ဖယ်ယာ မျောက်မျက်ကွင်းဖြူတို့ သစ်ပင်တစ်ပင်တည်း၌ အတူမှီတင်းနေထိုင်သော အဖိုးတန်ပုံရိပ်ကို အနီအောက်ရောင်ခြည်ကင်မရာဖြင့် ၅ နှစ်ဆက်တိုက် ရိုက်ကူးရရှိခဲ့သည်။ အာသံမျောက်သည် နိုင်ငံတော် ဒုတိယအဆင့် ကာကွယ်ထိန်းသိမ်းထားသော တိရစ္ဆာန်ဖြစ်ပြီး ဖယ်ယာ မျောက်မျက်ကွင်းဖြူမှာမူ နိုင်ငံတော် ပထမအဆင့် ကာကွယ်ထိန်းသိမ်းထားသော တိရစ္ဆာန်ဖြစ်သည်။ လုန်လျင်ခရိုင်သည် ကောင်းလီကုန့်တောင်တန်း တောင်ဘက်ခြမ်း၌ တည်ရှိပြီး သစ်တောဖုံးလွှမ်းမှု ၆၈ ရာခိုင်နှုန်းနီးပါးရှိသည်။ အဆိုပါထိန်းသိမ်းရေးဇုန်အတွင်း ဟက်တာ ၅,၈၀၀ ကျော် အတိုင်းအတာအတွင်းပင် ပရိုင်းမိတ်တိရစ္ဆာန်အမျိုးအစား ၇ မျိုးနေထိုင်နေပြီး စုစုပေါင်း အကောင်ရေ ၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)