လူဟော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မကြာသေးမီရက်ပိုင်းက “ငှက်လောက၏ ပန်ဒါ” ဟု တင်စားခေါ်ဝေါ်ကြသည့် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်ဖြစ်သည့် ကြိုးကြာနက်များကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကန်းကျီး ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လူဟော့ခရိုင်ရှိ ရှန်းဆွေမြစ် အမျိုးသားအဆင့် စိမ့်မြေသဘာဝဥယျာဉ်တွင် မကြာခဏ တွေ့မြင်လာရသည်။

အနက်ရောင်အမွေးအတောင်များ၊ အနီရောင်ခြေထောက်များနှင့် အဖြူရောင်ဝမ်းဗိုက်ရှိသည့် ကြိုးကြာနက်များသည် ရေတိမ်ပိုင်းတွင် အစာရှာကျက်စားနေကြသည့်အပြင် ရေမျက်နှာပြင်ပေါ်တွင်လည်း ဝဲပျံနေကြရာ လှပကျော့ရှင်းသော ဟန်ပန်များကို မြင်တွေ့ရသည်။

သန့်ရှင်းသော ရေကောင်းရေသန့်အရင်းအမြစ်၊ လုံလောက်ပေါများသော အစာအာဟာရနှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် စိမ့်မြေဒေသ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကြောင့် ရှန်းဆွေမြစ် အမျိုးသားအဆင့် စိမ့်မြေသဘာဝဥယျာဉ်သည် ကြိုးကြာနက်များ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းတစ်လျှောက် သင့်တော်ကောင်းမွန်သော နားခိုကျက်စားရာ စခန်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

-----------------------

(Chinese Version)

黑鹳现身炉霍湿地 高原生态再添亮色

近日,被誉为“鸟类大熊猫”的国家一级保护野生动物黑鹳,频频现身位于四川甘孜州炉霍县的鲜水河国家湿地公园。

墨色羽衣、红腿白腹的黑鹳们或浅水觅食,或掠水飞翔,姿态优雅。

良好水源、充足饵料,加上持续的湿地保护,让鲜水河国家湿地公园成为黑鹳迁徙途中的理想驿站。

新华社记者杨华、摄制东洪泽玖 四川甘孜报道。