
Wollongong (ဩစတြေးလျ)၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၉ ရက်တွင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးသည် Wollongong တက္ကသိုလ်တွင် ကျန်အန်းထုန်အတွက် အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့သည်။ ကျန်အန်းထုန်၏ မိဘများ၊ ကျောင်းနေဖက်ဟောင်းများနှင့် တရုတ်-ဩစတြေးလျ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် ကျောင်းဝင်းအတွင်း စုဝေးရောက်ရှိလာကြပြီး ၎င်းအတွက် အမှတ်တရစိုက်ပျိုးထားသည့် ဇဗ္ဗူ့သပြေပင်အောက်ရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ပန်းစည်းများချကာ ဂုဏ်ပြုခဲ့ကြသည်။
ကျန်အန်းထုန်သည် ၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် Wollongong တက္ကသိုလ်တွင် မဟာဘွဲ့သင်တန်း တက်ရောက်ရန် တရုတ်နိုင်ငံမှ ရောက်ရှိလာခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်က Wollongong မြို့ Fairy Meadow ကမ်းခြေ၌ ကျန်အန်းထုန်နှင့် အတန်းဖော်အချို့ အတူလည်ပတ်နေစဉ် ဒေသခံကျောင်းသား ဂျက်စ်တင်ဖုန်မှာ ပင်လယ်ထဲတွင် အန္တရာယ်ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့သည်။ ကျန်အန်းထုန်သည် ရဲစွမ်းသတ္တိရှိစွာဖြင့် ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သော်လည်း ကံမကောင်းစွာ ပင်လယ်အောက်ပြန်ရေစီးကြောင်းဖြင့် မျောပါသွားခဲ့ပြီး ငယ်ရွယ်သော အသက်ကို ပေးဆပ်ခဲ့ရသည်။
၂၀၂၆ ခုနှစ် ရဲရင့်သောအပြုအမူအတွက် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူများ စာရင်းကို ဩစတြေးလျ ဘုရင်ခံချုပ် Sam Mostyn က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကျန်အန်းထုန်အား “ရဲရင့်သောအပြုအမူအတွက် ချီးကျူးဂုဏ်ပြုလွှာ” ကို ၎င်းကွယ်လွန်ပြီးနောက်ပိုင်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
...........................
(Chinese Version)
中澳各界人士追思舍己救人中国留学生蒋安桐
新华社照片,伍伦贡(澳大利亚),2026年10月30日
10月29日,中国驻悉尼总领馆在伍伦贡大学举办蒋安桐追思会。蒋安桐的父母、昔日同学及中澳各界人士来到校园内为他栽种的赤楠树下,在纪念碑前献花缅怀。
蒋安桐出生于1995年,2023年7月从国内到伍伦贡大学攻读硕士学位。2023年10月29日,蒋安桐与几名同学在伍伦贡市仙女草地海滩活动时,发现当地学生贾斯廷·彭在海中遇险。蒋安桐勇敢参与搭救,却不幸被离岸流卷走,献出了年轻的生命。
2026年9月1日,澳大利亚总督莫斯廷公布2026年度英勇行为授奖名单,蒋安桐被追授“英勇行为嘉奖”。
图说1:10月29日,澳大利亚伍伦贡大学校园内的蒋安桐纪念碑旁摆放着鲜花和蒋安桐生前照片。 新华社记者 龚兵 摄
图说2:10月29日,在澳大利亚伍伦贡大学校园内,三年前被搭救的当地学生贾斯廷·彭向蒋安桐纪念碑献花。新华社记者 龚兵 摄








