ဆန်းယန် (ကျန်းဆူး)၊  နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မကြာသေးမီက ကျန်းဆူးပြည်နယ် ပေါင်ရင်းခရိုင် ဆန်းယန်မြို့တွင် လင်ဇီးမှိုများကို တစ်ပြိုင်နက်တည်း  ရိတ်သိမ်းခဲ့သည်။ အပူချိန်ထိန်းထားသော ဖန်လုံအိမ်ကြီး ၃၀ ခုအတွင်း လင်ဇီးမှိုများ ကောင်းမွန်စွာ ကြီးထွားပေါက်ရောက်လျက်ရှိရာ ဝန်ထမ်းများက အချိန်ကိုက် ရိတ်သိမ်း၍ ကုန်ချောထုတ်လုပ်လျက်ရှိသည်။

အဆိုပါလင်ဇီးမှိုစိုက်ပျိုးရေးစခန်းသည် ရွာဖြတ်ကျော်တည်ဆောက်၍ အုပ်စုဖွဲ့ လုပ်ငန်းဖော်ဆောင်သော စီမံကိန်းဖြစ်ရာ ဧရိယာ တရုတ်မူ (Mu) ၁၃.၅ ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယွမ် ၁ သန်းရှိသည်။ ထို့ပြင် “ကျေးရွာအဖွဲ့အစည်းမှ ဦးဆောင်ခြင်း + ဘဏ္ဍာရေးထောက်ပံ့ခြင်း + ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း” နည်းလမ်းကို ဆန်းသစ်တီထွင်၍ တစ်ရွာချင်း လုပ်ငန်းဆောင်ရွက်မှုအတွင်း နည်းပညာလိုအပ်သော၊ ရောင်းချမှုလမ်းကြောင်း ရှားပါးသော အားနည်းချက်ကို ဖြည့်ဆည်းပေးပြီး တစ်ဦးချင်းစိုက်ပျိုးသူများအား စံချိန်မီ စိုက်ပျိုးရေးစခန်းအဖြစ် အဆင့်မြှင့်တင်ထားကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version) (တရုတ်လိုမထည့်ပါ)

江苏宝应:跨村联建,培育灵芝种植富民产业

近日,江苏宝应县山阳镇,灵芝集中采收。30座恒温大棚内,灵芝长势喜人,工人抢抓节点采收加工。这处灵芝种植基地是跨村联建、抱团兴业项目,占地13.5亩,总投资100万元,创新“村集体牵头+财政扶持+企业合作”模式,补齐单村发展缺技术、缺销路的短板,将散户种植升级为标准化基地。