ဝေးဟိုင် (ဆန်းတုန်း)၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
မကြာသေးမီက ဆန်းတုန်းပြည်နယ် ဝေးဟိုင်မြို့ ရုန်ချိန်ခရိုင်မြို့ရှိ ငွေငန်းဖြူ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဧရိယာ ငွေငန်းဖြူရေကန်တွင် ငွေငန်းဖြူများက ကူးခတ်သွားလာ အစာရှာနေကြသလို ပျံသန်းဆော့ကစားလျက်လည်းရှိသည်။ ရာသီဥတုအပူချိန် ကျဆင်းလာသည်နှင့်အမျှ ငွေငန်းဖြူများစွာ ဆောင်းခိုရန် ရုန်ချိန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ပထမဆုံးအသုတ် အမျိုးသားဂေဟယဉ်ကျေးမှု တည်ဆောက်ရေးစံပြဇုန်အနေဖြင့် ရုန်ချိန်မြို့ ကမ်းရိုးတန်းအနီး ရေအရည်အသွေး ဆက်တိုက် တိုးတက်ကောင်းမွန်လာရာ နိုင်ငံတစ်ဝန်း အကြီးဆုံး ငွေငန်းဖြူများ ဆောင်းခိုရာဒေသများအနက် တစ်ခုဖြစ်လာပြီဖြစ်သည်။ (Xinhua)








