ဟေးလုံကျန်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ရွှေဟေမန်ဦး အောက်တိုဘာလ အခါသမယဝယ် တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ချင့်အန်းခရိုင်တွင် စပါးသီးနှံများ အောင်မြင်စွာ ရိတ်သိမ်းချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ မကြာသေးမီနှစ်များတွင် နိုင်ငံတော်အဆင့် မျိုးစေ့ထုတ်လုပ်ရေး ခရိုင်ကြီးအဖြစ် ချင့်အန်းခရိုင်သည် အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ အသစ်များကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ကာ ဆန်စပါးလုပ်ငန်းတွင် အရည်အသွေးမြင့်၍ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် အထောက်အကူပြုလျက်ရှိသည်။ ယခုအချိန်အထိ ချင့်အန်းခရိုင်၏ စစ်ဆေးအတည်ပြုမှု အောင်မြင်ထားသော အရည်အသွေးမြင့် စပါးမျိုးကွဲပေါင်း ၁၀၀ ကျော်ရှိကာ စပါးမျိုးစေ့ထုတ်လုပ်သည့် ဧရိယာမှာ တရုတ်မူ ၁ သိန်းကျော်တွင် တည်ငြိမ်စွာရှိပြီး စပါးစိုက်ပျိုးဧရိယာမှာ တရုတ်မူ ၁.၃ သန်းခန့်တွင် တည်ငြိမ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ချင့်အန်းခရိုင်၏ ဆန်ရောင်းချမှုပမာဏမှာ ယွမ် ၆.၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စျေးကွက်သည် ပြည်နယ်နှင့်မြို့ ၂၀ ကျော်အထိ ကျယ်ပြန့်စွာ ရောက်ရှိလာသည်။ (Xinhua)

....................................

(Chinese Version)

黑龙江庆安:百余个优质稻种助力稻米产业发展

金秋十月,黑龙江省庆安县水稻迎来丰收。近年来,作为国家级制种大县,庆安县不断培育优质稻种新品,助力稻米产业高质量发展。截至目前,庆安县优质水稻品种通过审定累计超百个,水稻制种面积稳定在10万亩以上,水稻种植面积稳定在130万亩左右。2025年庆安县大米销售额达63亿元,市场覆盖20多个省市。

黄永龄、黄腾,黑龙江报道。(完)