
အန်ကာရာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ ခရီးသွားလာမှုရှုခင်းသာ Cappadocia ဒေသတွင် အောက်တိုဘာ ၂၉ ရက်က ကျောက်တိုင်မြေပြိုကျမှု ဖြစ်ပွားခြင်းကြောင့် လူ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း တူကီယဲနိုင်ငံ ပြည်ထဲရေးဝန်ကြီး Mustafa Ciftci က ထိုနေ့တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
တူကီယဲနိုင်ငံ မီဒီယာများ၏ သတင်းဖော်ပြချက်များအရ သေဆုံးသူများအနက် ၂ ဦးမှာ တူကီယဲနိုင်ငံသားဖြစ်ပြီး ၁ ဦးမှာ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် ပြင်သစ် ကလေးငယ် ၁ ဦး ပါဝင်ပြီး အခြား ဒဏ်ရာရရှိသူ ၄ ဦးမှာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် မတော်တဆမှုသည် Goreme လေဟာပြင်ပြတိုက်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးခိုးခေါင်းတိုင်ပုံစံ ကျောက်တိုင်တစ်ခု ပြုတ်ထွက် ပြိုကျကာ လူအုပ်ကြီးရှိရာသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ယင်းမတိုင်မီ အဆိုပါဒေသ၌ မိုးသက်လေပြင်းကျရောက်မှု ဖြစ်ပွားခဲ့သည်။ မိုး၊ ဆီးနှင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် Cappadocia ဒေသ၌ မီးပုံးပျံစီး၍လည်ပတ်မှုကို ယာယီရပ်နားထားသည်။
တူကီယဲနိုင်ငံ တရားစီရင်ရေးဝန်ကြီး Akin Gurlek က မတော်တဆဖြစ်မှုအတွက် တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Cappadocia ဒေသသည် တူကီယဲနိုင်ငံ အလယ်ပိုင်း Nevsehir ပြည်နယ်တွင် တည်ရှိပြီး ၎င်း၏ တစ်မူထူးခြားသော ကျောက်တိုင်သဏ္ဌာန်အစုအဝေး မြေမျက်နှာသွင်ပြင်နှင့် မီးပုံးပျံစီးနင်းမှု အစီအစဉ်များက ကမ္ဘာတွင်ရေပန်းစားသည်။ ၂၀၂၄ ခုနှစ်က နှင်းကျမှုကြောင့် အဆိုပါဒေသရှိ ကျောက်တိုင်တစ်ခု ညအချိန်တွင်ပြိုကျမှုဖြစ်ခဲ့စဉ် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။ ၂၀၂၅ ခုနှစ်တွင် အခြားကျောက်တိုင်တစ်ခု၏ အစိတ်အပိုင်းအချို့လည်း ပြိုကျမှု ဖြစ်ပွားခဲ့သည်။ (Xinhua)


---------------------
(Chinese Version)
土耳其卡帕多基亚坍塌事故致死人数升至3人
新华社安卡拉10月29日电(记者霍丹彤)土耳其内政部长奇夫特奇29日在社交媒体上说,土旅游胜地卡帕多基亚当天发生的石柱坍塌事故已造成3人死亡、5人受伤,搜救工作已经完成。
据土耳其媒体报道,死者中2人为土耳其公民,1人为法国公民。伤者包括1名法国儿童,另外4名伤者在接受治疗后已离开医院。
本次事故发生在格雷梅露天博物馆附近,一处烟囱状石柱脱落崩塌,落入人群聚集区域。此前不久,该地区经历了暴雨。受雨雪和大风影响,卡帕多基亚热气球项目已暂停运营。
土耳其司法部长阿肯·居尔莱克表示,针对事故的司法调查正在进行中。
卡帕多基亚位于土耳其中部的内夫谢希尔省,以其独特的石柱群地貌和热气球项目闻名于世。2024年,降雪导致该地区一处石柱在夜间坍塌,未造成人员伤亡。2025年,另一处石柱也部分坍塌。(完)
图说:10月29日,土耳其中部的内夫谢希尔省的卡帕多奇亚,救援人员在石柱坍塌现场开展救援。新华社发(穆斯塔法·卡亚摄)








